ညစ်ညမ်းစာများ ဖော်ပြပါရှိသော စာအုပ်ကို ပုံနှိပ်ထုတ်ဝေဖြန့်ချိခဲ့သည့် စာအုပ်တိုက်ကို လိုင်စင်ရုပ်သိမ်းပြီး ပုံနှိပ်သူနှင့် ထုတ်ဝေသူတို့ကို တရားစွဲ

နေပြည်တော်၊ ဒီဇင်ဘာ ၂၄

ညစ်ညမ်းစာများ ဖော်ပြပါရှိသည့် စာအုပ်ကို ပုံနှိပ်ထုတ်ဝေဖြန့်ချိခဲ့သည့် Maple စာအုပ်တိုက်ကို ထုတ်ဝေခြင်း လုပ်ငန်း အသိအမှတ်ပြု လက်မှတ် ရုပ်သိမ်းလိုက်ပြီး ပုံနှိပ်သူနှင့် ထုတ်ဝေသူတို့ကို တရားစွဲဆို ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

လုပ်ငန်းအသိအမှတ်ပြု လိုင်စင်မရှိဘဲ ပုံနှိပ်ဖော်ပြခဲ့သည့် ပုံနှိပ်သူ ဒေါ်အေးမြတ်မွန်၏ Yangon Printing Service နှင့် ထုတ်ဝေသူ ဒေါ်ချိုဇင်သဲ (Maple စာအုပ်တိုက် -၀၃၂၉၅) တို့မှ ပုံနှိပ်ထုတ်ဝေသည့် မြမိုရ်ရေးသားသော မေတ္တာနှောင်သီ ချစ်ကြိုးချည် စာအုပ်နှင့် DIDI Zaw ရေးသားသည့် Match Made in Clouds စသည့် စာအုပ်တို့တွင် ဟီရိဩတ္တပ္ပကင်းသော မြန်မာ့လူ့အဖွဲ့အစည်းက လက်မခံသော လူငယ်များ၏ တွေးခေါ်မြော်မြင်မှုနှင့် ခံစားနားလည်မှုကို လွဲမှားစေနိုင်သော ညစ်ညမ်းစာများ ဖော်ပြပါရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။

ယင်းအတွက်ကြောင့် အဆိုပါ စာအုပ်ကို ပုံနှိပ်ထုတ်ဝေခဲ့သည့် ထုတ်ဝေသူ ဒေါ်ချိုဇင်သဲ (Maple စာအုပ်တိုက် -၀၃၂၉၅)၏ ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြု လက်မှတ်ကို ဒီဇင်ဘာလ (၁၉)ရက်တွင် ရုပ်သိမ်းခဲ့ပြီး ယင်းစာအုပ်များအား တရားမဝင် ထုတ်ဝေစာများဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်းနှင့် ပုံနှိပ်သူနှင့် ထုတ်ဝေသူတို့အား ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေနှင့်အညီ တရားစွဲဆို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

#centralnewsnaypyitaw

imageimage