26 w - Translate

ဥရောပလိဂ်တွေမှာ ဒိုင်လူကြီးတွေဝင်ငွေ ဘယ်လောက်ရကြလဲ

ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲများထဲတွင် ဝင်ငွေအကောင်းဆုံး ဒိုင်လူကြီးများမှာ
လာလီဂါပြိုင်ပွဲမှ ဒိုင်များဖြစ်ပြီး ပွဲတစ်ပွဲလျှင် ပျမ်းမျှယူရို(၄၂၀၀)ခန့်ရရှိကြသည်။လာလီဂါဒိုင်များအနေဖြင့် လစာငွေတစ်လ ပျမ်းမျှယူရို(၁၂၅၀၀)ခန့် သက်သက်ရရှိသည့်အပြင် the Wurth ကုမ္ပဏီ၏ အမှတ်တံဆိပ်ကြော်ငြာကို အင်္ကျီတွင် ဝတ်ဆင်၍စပွန်ဆာကြေး တစ်နှစ် ယူရို(၂၅၀၀၀)ခန့်လည်း ထပ်မံရရှိကြသည်။ပရီးမီးယားလိဂ်ဒိုင်များမှာ နာမည်ကျော်ကြားသော်လည်း ဥရောပထိပ်တန်းလိဂ်များမှ ဒိုင်များထဲတွင် ဝင်ငွေအနည်းဆုံးဖြစ်ကြသည်။ပရီးမီးယားလိဂ်ဒိုင်လူကြီးများအနေဖြင့် ပွဲတစ်ပွဲလျှင် ပျမ်းမျှယူရို(၁၃၀၀)ခန့်သာရရှိကြပြီး လစာငွေတစ်လ ပျမ်းမျှယူရို(၃၇၀၀)ခန့်သာ ရရှိသည်။ ဒိုင်များအနေဖြင့် အတွေ့အကြုံအပေါ်မူတည်၍ တစ်ဦးနှင့်တစ်ဦး ဝင်ငွေအနည်းနှင့်အများ ကွာခြားကြောင်းသိရသည်။စီးရီးအေဒိုင်လူကြီးများမှာ ပွဲကြေးတစ်ပွဲပျမ်းမျှ ယူရို(၃၄၀၀)၊လစာငွေယူရို(၃၉၀၀)မှ(၆၅၀၀)ကြား၊ဘွန်ဒက်စ်လီဂါဒိုင်လူကြီးများမှာ ပွဲကြေးတစ်ပွဲပျမ်းမျှ ယူရို(၃၆၀၀)၊ လစာငွေယူရို(၂၅၀၀)မှ(၆၀၀၀)ကြား၊ပြင်သစ်လိဂ်ဝမ်းဒိုင်လူကြီးများမှာ ပွဲကြေးတစ်ပွဲပျမ်းမျှ ယူရို(၂၉၀၀)၊လစာငွေယူရို(၆၀၀၀)ခန့်၊ပေါ်တူဂီလိဂ်ဒိုင်လူကြီးများမှာ ပွဲကြေးတစ်ပွဲပျမ်းမျှ ယူရို(၁၅၀၀)၊လစာငွေယူရို(၇၅၀)မှ(၂၅၀၀)ကြား အသီးသီးရရှိကြသည်။ယင်းဒိုင်လူကြီးများမှ ချန်ပီယံလိဂ်ပွဲစဉ်တစ်ပွဲကိုင်တွယ်ခွင့်ရလျှင် ပွဲကြေး ယူရို(၇၀၀၀)စီ ရရှိကြကြောင်းလည်း သိရသည်။VAR ဒိုင်များမှာ ကွင်းလယ်ဒိုင်များလောက် ပွဲကြေးမရဘဲ လာလီဂါတွင် ယူရို(၂၁၀၀)၊ပရီးမီးယားလိဂ်တွင် ယူရို(၁၀၀၀)၊စီးရီးအေတွင် ယူရို(၁၅၀၀)၊ဘွန်ဒက်စ်လီဂါတွင် ယူရို(၁၁၀၀)၊ပြင်သစ်လိဂ်ဝမ်းတွင် ယူရို(၉၀၀)၊ပေါ်တူဂီလိဂ်တွင် ယူရို(၄၈၀) အစရှိသဖြင့် ရရှိကြကြောင်း သိရသည်။

image