မြန်မာနိုင်ငံ၏ ဒုတိယမြောက်မြေအောက်လမ်းကူးလူသွားဥမင်ဖွင့်ပွဲသို့ နစကဥက္ကဋ္ဌ တက်ရောက်

နေပြည်တော်၊ ဒီဇင်ဘာ ၂၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ရွှေတိဂုံစေတီတော်အနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင်ပန်းခြံအကြား၊ ဦးဝိစာရလမ်းတွင် ဖောက်လုပ်ထားသည့် မြန်မာနိုင်ငံ၏ ဒုတိယမြောက် မြေအောက်လမ်းကူး လူသွားဥမင်(Underpass) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးခဲ့သည်။

မြေအောက်လမ်းကူးလူသွားဥမင်(Underpass) အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် မြို့တော်ဝန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြေအောက်လမ်း ကူးလူသွားဥမင်(Underpass) အဆောက်အဦဝင်ပေါက်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြေအောက်လမ်းကူး လူသွားဥမင်တည်ဆောက်ခဲ့မှု မှတ်တမ်းဓာတ်ပုံများနှင့် လူသွားဥမင်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

မြေအောက်လမ်းကူးလူသွားဥမင် (Underpass)သည် ပင်မဥမင်အမြင့် ၁၁ ပေ၊ အကျယ် ၂၃ ပေ၊ ဥမင်အလျား စုစုပေါင်း ၄၆၁ ပေရှိပြီး ဝင်ပေါက်၊ ထွက်ပေါက် ၄ ခုပါဝင်ကာ တစ်နာရီလျှင် လူဦးရေ ၁၄၀၀၀ ဦးခန့် ဖြတ်သန်း သွားလာနိုင်မည်ဖြစ်ကြောင်း၊ မြေအောက်လမ်းကူးလူသွားဥမင် (Underpass) အတွင်းရွေ့လျားစက်လှေကား ၄စင်း၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ အသုံးပြုရန် ဓာတ်လှေကား ၂စင်း ထည့်သွင်းတည်ဆောက် ထားကြောင်း သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image
image
image
image