26 w - Translate

🏝️ဘန်ကောက်အနီးအနားမှာရှိတဲ့ မလည်မဖြစ်သွားလည်
သင့်တဲ့ ကျွန်း (၃)ခု🌴🌴🌴

🏖️Pattaya သွားလည်ရတာရိုးလာပြီဆိုရင် အသစ်အဆန်းဖြစ်စေတဲ့ Experience ကိုရစေမဲ့ ဘန်ကောက်ကနေသိပ်မ​ေ၀းတဲ့ ဒီကျွန်း(၃)ခုကိုအလည်သွားကြည့်ကြနော် 💁

🌴Koh Larn🌴

Pattaya နားကကျွန်း၁ကျွန်းဖြစ်တဲ့ Koh Larn ကျွန်းသည် Foreigners တွေကြားထဲမှာတော့ Coral Island လို့လူသိများကြပါတယ်။လာရောက်လည်ပတ်ကြသူများသည် စိမ်းလန်းတ​ဲ့သစ်ပင်တွေကနေ ကြည်လင်တဲ့ပင်လယ်ရေနဲ့ပြန့်ကျဲနေသောသဲဖြူဖြူများရဲ့အလှကိုခံစားကြည့်မြင်နိုင်မှာဖြစ်ပါတယ်။Koh Larn ကျွန်းရောက်ရင် Giant Buddha Viewpoint,Tawaen Beach,Windmill Viewpoint,Nual Beach,Sangwan Beach စတဲ့တခြားလည်ပတ်စရာကောင်းတဲ့နေရာများလည်းရှိပါသေးတယ်။Sup Board စီးခြင်း၊ကယက်လှေလှော်ခြင်း၊Snorkeling လုပ်ခြင်းစတဲ့ Activities များလည်း Koh Larn ကျွန်းမှာလုပ်လို့ရနိုင်ပါတယ်။

🌴Koh Kham🌴

Koh Kham သည် Pattaya အနီးနားမှာရှိတဲ့ ကျွန်း၁ခုဖြစ်ပြီး စိမ်းလန်းစိုပြေသောရေပြင်ကြီးနဲ့အတူပြန့်ကျဲနေသောသဲဖြူများနဲ့ကျောက်ဆောင်ငယ်များကြောင့် လူသိများကြပါတယ်။ရင်သပ်ရှုမောဖွယ်ရှုခင်းများရှိသောကျွန်းဖြစ်တာကြောင့် ဓါတ်ပုံလှလှလေးတွေကိုလည်းရိုက်နိုင်ပါတယ်။Koh Kham ကျွန်းရဲ့လူသိများတဲ့နောက်အချက်ကတော့ ဓါတ်ပုံရိုက်ရင်အရမ်းလှတဲ့သစ်သားတံတားပဲဖြစ်ပါတယ်။လာရောက်လည်ပတ်သူများသည် သန္တာကျောက်တန်းများရဲ့သဘာ၀အလှများကို Snorkeling လုပ်ပြီးကြည့်နိုင်ပါသေးတယ်။

🌴Koh Kood🌴

ဒီကျွန်းကတော့ဘန်ကောက်ကနေနည်းနည်းတော့​ေ၀းနေပေမဲ့သွားလည်သင့်တဲ့ကျွန်း၁ကျွန်းလည်းဖြစ်ပါတယ်။Koh Kood ကျွန်းတွင် Bang Bao Beach,Ao Noi Bay,Klong Chao Bay,Huang Nam Khiao ရေတံခွန်နဲ့ တခြားသဘာ၀အလှအပများကြောင့် လာရောက်လည်ပတ်သူများကိုထပ်ခါထပ်ခါပြန်လာစေချင်မဲ့ ကျွန်းဖြစ်ပါတယ်။တိတ်ဆိတ်ငြိမ်သက်စွာဖြင့်ခရီးသွားများအနားယူအပန်းဖြေနိုင်ရန်အတွက်ကျွန်းပေါ်တွင် Hotelနှင်Resort များလည်းရှိပါတယ်။ရေငုတ်ခြင်းကိုကြိုက်နှစ်သက်သူများအတွက် လှပတဲ့ သန္တာကျောက်တန်းများကိုကြည့်ရှုနိုင်ရန် Snorkeling လည်းလုပ်လို့ရပါသေးတယ်။

image