လူတွေက အိမ်မှာ အငယ်ဆုံးလေးလို့ ပြောလိုက်တာနဲ့ အများကြီး အလိုလိုက်ခံရပြီး အများကြီး အချစ်ခံရမယ်လို့ပဲ ထင်တတ်ကြတာ ။ ပြီးတော့ အိမ်တစ်အိမ်မှာ အဆိုးဆုံးလို့ပဲတွေးတတ်ကြတာလေ ။ ဒါပေမယ့် ဘ၀တွေမှာ မတူပဲဟာ အများကြီးအလိုက်ခံရပြီး ဆိုးချင်တိုင်းဆိုး ချွဲချင်တိုင်းချွဲလို့ရမယ့် အငယ်ဆုံးလေးတွေကို အားကျနေရတဲ့ ကျွန်မလို အငယ်ဆုံးလေးတွေလဲ အများကြီး ရှိပါတယ် ။
အငယ်က အငယ်နေရာမှာနေဆိုပြီး ကိုယ်သိတဲ့အရာတောင် ပါးစပ်လေးပိတ်ပြီး နေခဲ့ရဖူးတယ် ။ ပြိုင်ငြင်းတယ်လို့ရယ်မဟုတ်ပါဘူး ဒီတိုင်းလေး နားထောင်ပေးကြည့်ရုံနဲ့ အဆင်ပြေပေမယ့် ကျွန်မအတွက် တိတ်တိတ်နေလိုက်ဖို့ပဲ ရွေးစရာရှိခဲ့တာပါ ။ ပြီးတော့ ... ကျွန်မက အငယ်ဆုံးဆိုတော့ အိမ်မှာ ပိုပြီးတော့ အနေများခဲ့တယ်လေ ... အစစအရာရာ ကိုယ့်ခြေ ကိုယ်လက်ကြီးတွေပါပဲ ။
ဒါပေမယ့် လွတ်လပ်ခွင့်တွေကျတော့ ငယ်သေးလို့ ကလေးပဲ ရှိသေးလို့ ပြီးရင် ... အမျိုးမျိုးသော စကားလုံးတွေနဲ့ ကျွန်မက အခန်းထဲပဲ အချိန်ကုန်ဆုံးရတာများတယ် ။ ကိုယ်နဲ့ သက်တူရွယ်တူတွေ ပျော်ရွှင်နေတာကို ကြည့်ပြီး တစ်ကြိမ်လောက် ပျော်ချင်ရုံလောက် ပျော်တာနဲ့ပျက်တာ မခွဲတတ်တော့တဲ့အရွယ်လဲ မဟုတ်တော့ဘူး ဒါပေမယ့် ကလေူပဲ ရှိသေးတယ်ဆိုတဲ့ ကန့်သတ်ချက်တွေအောက်မှာ ကိုယ်ဟာ လူတွေနဲ့ စိမ်းလာတယ် ။
တစ်ခုခု လိုချင်ရင် လိုအပ်လာရင် ... ကျွန်မက သိပ်ပူဆာတတ်တာ မဟုတ်ဘူးရယ် တစ်နေ့ကျရင်ဆိုတဲ့ အိပ်မက်လေးထဲ စုထားရင်း တိတ်တိတ်လေးပဲ ငြိမ်နေတတ်တာ အိမ်က အစ်ကိုတို့ အမတို့အတွက် အများကြီးကုန်ကျထားရတာလေ ငါပူဆာလိုက်ရင် ပိုခက်ခဲသွားပါလိမ့်မယ်ဆိုပြီး ကျွန်မလဲ တွေးတတ်ခဲ့ပါတယ် ။ ပြီးတော့... အိမ်ကို ပိုလို့တောင် တွယ်တာတတ်သေးတယ် ။ စိတ်ဆိုး စိတ်ကောက်ဖို့ နေနေသာသာ ၀မ်းနည်းရင်တောင် ကိုယ်တစ်ယောက်တည်း ဘယ်သူမှ မသိအောင် နေတတ်တာမျိုးပေါ့ ။
အငယ်ဆုံးလေးဆိုတိုင်း အမြဲတမ်းဆိုးမနေသလို အများကြီးလဲ အလိုလိုက်ခံမနေရတဲ့ အငယ်ဆုံးတွေလဲ ရှိနေပါသေးတယ် ။ ဘာလုပ်လုပ် ဘာကိုင်ကိုင် အကောင်းမြင်မခံရတဲ့ ကျွန်မကော ပြီးတော့ အငယ်မို့ဆိုပြီး တိတ်ဆိတ်နေရတဲ့ ကျွန်မလို တခြားတစ်ယောက်ကော ပြီးတော့ ကိုယ့်ထက် ပိုအလိုလိုက်ခံရတဲ့အချိန်တွေ မျက်ရည်၀ိုင်း၀ိုင်းနဲ့ ငေးကြည့်နေရတဲ့ အငယ်ဆုံးလေးကော ရှိနေမှာပါ။