အစဉ်ကျန်းမာဖို့ သိထားသင့်သော အချိန်များ
နံနက် ၅ နာရီမှ ၇ နာရီတွင် အူမကြီး အလုပ်လုပ်ချိန် ဖြစ်သောကြောင့် ထိုအချိန်အတွင်း အိပ်ရာထကာ ရေတစ်ခွက် အဝသောက်ပြီး ၀မ်းမှန်မှန် သွားသင့်သည်။ ထိုသို့မဟုတ်ပါက အူမကြီးညှစ်အား နည်းနေ၍ ဖြစ်ပြီး အမျှင်ရှိသော အစားအစာ များများစားပေးပါ။
နံနက် ၇ နာရီမှ ၉ နာရီအတွင်း အစာအိမ်မှ အလုပ်လုပ်ချိန် ဖြစ်သောကြောင့် ထိုအချိန်တွင် နံနက်ခင်းစာ (Breakfast) အ၀ စားသင့်သည်။
နံနက် ၁၁ နာရီမှ ၁ နာရီအတွင်း နှလုံး (Heart) အလုပ်လုပ်ချိန် ဖြစ်သောကြောင့် ထမင်းစားပြီး ခဏတဖြုတ် အနားယူသင့်သည်။
ညနေ ၁ နာရီမှ ၃ နာရီအတွင်း အူသိမ်မှ အလုပ်လုပ်ချိန် ဖြစ်ကာ အလေးအပင်များ မ,ခြင်းမှ ဆင်ခြင်ရန် အထူးလိုအပ်သည်။
ညနေ ၃ နာရီမှ ၅ နာရီတွင် ဆီးအိမ်မှ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်များကို စွန့်ပစ်ချိန် ဖြစ်သောကြောင့် အနည်းဆုံး ၁ လီတာမှ စ,ပြီး ရေများများ သောက်ရန် လိုအပ်သည်။
ညနေ ၅ နာရီမှ ၇ နာရီသည် ကျောက်ကပ် အလုပ်လုပ်ချိန် ဖြစ်သည်။
ထိုအချိန်တွင် ရေချိုးနေစဉ် ဆီးသွားခြင်း ရှောင်ပါ။ ကျောက်ကပ်ပျက်စီးလွယ်သည်။
ည ၇ နာရီမှ ၉ နာရီတွင် နှလုံးအမြှေးပါး အလုပ်လုပ်ချိန် ဖြစ်သောကြောင့် စိတ်အပန်းပြေစေသည့် Entertainment များ၊ ရယ်မောဖွယ် ဟာသများ စသဖြင့် ကြည့်ရှုခံစား သင့်သည်။
ည ၉ နာရီမှ ၁၁ နာရီသည် ခန္ဓာကိုယ်၏ အပိုင်းကြီး ၃ ပိုင်း (ဦးခေါင်း၊ ကိုယ်ပိုင်း၊ ခြေထောက်ပိုင်း) များကို နှီးနှောဖလှယ်ချိန် ဖြစ်သည်။
ည ၁၁ နာရီမှ ၃ နာရီသည် အသည်း (Liver) အလုပ်လုပ်ချိန် ဖြစ်သောကြောင့် ၁၁ နာရီထက် နောက်ကျပြီး မအိပ်သင့်ပါ။ သင့်အသည်းကို အနားပေးရန် လိုအပ်ပါသည်။
ထို့ပြင် ၁၁ နာရီမှ ၁ နာရီတွင် သည်းခြေမှ အလုပ်လုပ်သည်။
နံနက် ၃ နာရီမှ ၅ နာရီထိသည် အဆုတ်မှ အလုပ်လုပ်ချိန် ဖြစ်သောကြောင့် မနက် ၅ နာရီအထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သင့်သည်။
သင့်မိတ်ဆွေများကိုလည်း မျှဝေပေးဖို့ မမေ့နဲ့နော်။
(ဒီလို အကျိုးရှိတဲ့ ကျန်းမာရေးပို့စ်ကောင်းများကို ဖတ်ရှု နိုင်ရန် ဆေးပညာဗဟုသုတဆိုတဲ့ ဒီ Page လေးကို Like နဲ့ See first လေး လုပ်ထားနိုင်ကြပါတယ်။)
#credit
#ဆေးပညာဗဟုသုတ
