ချောင်းသာနှင့်ငွေဆောင်၌ ဟိုတယ်ကြိုတင်အမှာများ ပြည့်နေ
=================
ဧရာဝတီတိုင်းဒေသကြီးက ချောင်းသာနဲ့ငွေဆောင်ကမ်းခြေရှိ ဟိုတယ်နဲ့တည်းခိုခန်းတွေမှာ နှစ်သစ်ကူးကာလအတွက် ဟိုတယ်အခန်းတွေကြိုတင်မှာယူမှုဘိုကင်တွေပြည့်နေတယ်လို့ အဲဒီကမ်းခြေတွေရှိ ဟိုတယ်တွေဆီကနေသိရပါတယ်၊၊
လက်ရှိမှာ ဒီဇင်ဘာအားလပ်ရက်ကာလတွေဖြစ်တဲ့ ခရစ္စမတ် ပိတ်ရက်ကစပြီး နှစ်သစ်ကူးကာလအထိ ချောင်းသာနဲ့ငွေဆောင်ကမ်းခြေတွေမှာ အခန်းကြိုတင် မှာယူထားသူတွေများပြားနေတာဖြစ်တယ်လို့ ဆိုပါတယ်၊၊
နှစ်သစ်ကူးမတိုင်ခင်ရက်ကတည်းက ဟိုတယ်အခန်းတွေ ပြည့်နေတာဖြစ်တယ်လို့ ချောင်းသာကမ်းခြေရှိ စည်းစိမ်ဟိုတယ်ကတာဝန်ရှိသူတစ်ယောက်က ပြောပါတယ်၊၊
အလားတူ ငွေဆောင်ကမ်းခြေက ဟိုတယ်တွေနဲ့တည်းခိုခန်းတွေမှာလည်းနှစ်သစ်ကူးကာလအတွက် အခန်းတွေ ပြည့်သလောက်ဖြစ်နေပြီလို့သိရပါတယ်။
ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေတွေမှာ နှစ်စဉ် နှစ်သစ်ကူးပွဲတော်အချိန်တိုင်း လာရောက်လည်ပတ်သူများပြားလေ့ရှိတယ်လို့သိရပါတယ်၊၊
