15 w - Translate

တဲလ်အဗစ်ကို ဒုံးကျည်ကျရောက်ပြီးနောက် ဟူသီတို့ကို အမေရိကန်တိုက်ခိုက်
----------------------
ဟူသီတွေ ထိန်းချုပ်ထားတဲ့ ယီမင်မြို့တော် ဆာနာကို စနေနေ့ညက အမေရိကန်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု
ပြုလုပ်ခဲ့တယ်လို့ ဟူသီရုပ်/သံက ဖော်ပြပါတယ်။
တဲလ်အဗစ်မှာ အနည်းဆုံး အစ္စရေး ၂၀ လောက် ဒဏ်ရာရသွားတဲ့ နိုင်ငံအလယ်ပိုင်းကို ထိမှန်ခဲ့တဲ့ ပဲ့ထိန်းဒုံးကျည် တိုက်ခိုက်မှုကို သူတို့ပြုလုပ်ခဲ့တာလို့ ဟူသီအဖွဲ့ကပြောဆိုပြီး နာရီပိုင်းအကြာမှာ အမေရိကန်လေကြောင်းတိုက်ခိုက်မှုသတင်း ထွက်ပေါ်လာတာပါ။
လေကြောင်းတိုက်ခိုက်မှုတွေဟာ အက်တန်ဧရိယာကို ထိမှန်ခဲ့ပြီး အသေအပျောက်မရှိဘူးလို့လည်း ပြောပါတယ်‌။ ဆာနာတောင်ပိုင်းက ဟူသီထိန်းချုပ်ထားတဲ့ အက်တန်တောင်ကုန်းက ဒုံးကျည်သိုလှောင်ရုံကို ထိမှန်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
အမေရိကန်စစ်ဘက်ဗဟိုကွပ်ကဲမှုဌာနက သူတို့တပ်ဖွဲ့တွေဟာ ဟူသီတွေရဲ့ ဒုံးကျည်သိုလှောင်ရုံနဲ့ ကွပ်ကဲမှုထိန်းချုပ်ရေး အဆောက်အအုံတွေကို တိကျတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုရှယ်မီဒီယာပလက်ဖောင်း X က ကြေငြာခဲ့ပါတယ်။
စစ်ဆင်ရေးအတွင်း ပင်လယ်နီပေါ်မှာ ဟူသီတွေရဲ့ ဒရုန်းအများအပြားနဲ့ သင်္ဘောဖျက် ခရုဇ်ဒုံးကျည် တစ်စင်းကိုလည်း ပစ်ချနိုင်ခဲ့တယ်လို့ အမေရိကန်စစ်ဘက်က ပြောပါတယ်။
မြို့တော်အပါအဝင် ယီမင်အနောက်မြောက်ပိုင်းကို ထိန်းချုပ်ထားတဲ့ အီရန်နောက်ခံပြု ဟူသီသူပုန်အဖွဲ့ဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ ဂါဇာစစ်ပွဲ စတင်ပြီးမကြာခင် အစ္စရေးနဲ့ နိုင်ငံတကာ သင်္ဘောတွေကို စတင်တိုက်ခိုက်ခဲ့ပြီး ပါလက်စတိုင်းတွေနဲ့ သွေးစည်းကြောင်းပြသတာလို့ ပြောဆိုထားပါတယ်။

image