ရက်ရှ်ဖို့ဒ်ရဲ့ ယူနိုက်တက် ကစားသမားဘဝ အဆုံးသတ်တော့မှာလား

ဒီဇင်ဘာ ၂၂

ပြီးခဲ့တဲ့ ရက်ပိုင်းက ဗြိတိန်မီဒီယာ အများအပြားရဲ့ခေါင်းကြီးပိုင်း သတင်းတွေမှာ ရက်ရှ်ဖို့ဒ်နဲ့ ယူနိုက်တက် အသင်းတို့ရဲ့ သတင်းတွေဟာ နေရာယူထားတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်း နည်းပြအာမိုရင်ဟာ ရက်ရှ်ဖို့ဒ်ကို မန်စီးတီးအသင်းနဲ့ မန်ချက်စတာ ဒါဘီပွဲစဉ်မှာ လူစာရင်း ကနေ ချန်လှပ်ခဲ့တာကနေ စပြီး ရက်ရှ်ဖို့ဒ်နဲ့ ယူနိုက်တက်အသင်းတို့ရဲ့ အနာဂတ်သတင်းတွေဟာ အများအပြား ထွက်ပေါ်ခဲ့တာပါ။

ယူနိုက်တက်အသင်းရဲ့ အရောင်းစာရင်း တင်သွင်းခြင်း ခံထားရတဲ့ ရက်ရှ်ဖို့ဒ်က သူဟာ စိန်ခေါ်မှု အသစ်တွေ အတွက် အဆင်သင့် ဖြစ်နေပြီလို့ ပြောကာ အနာဂတ်နဲ့ ပတ်သက်တဲ့ သတင်းတွေကို တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ပုံ - ရက်ရှ်ဖို့ဒ်ကို တွေ့ရစဉ်

#centralnewsnaypyitaw

image