ဂါဇာစစ်ပွဲ အဆုံးသတ်ရေး ၉၀ ရာခှိုင်နှုန်း နီးစပ်လာ
ဒီဇင်ဘာ ၂၂
အစ္စရေးနဲ့ဟားမတ်စ်တို့အကြား ဂါဇာအပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး ၉၀ ရာခိုင်နှုန်း သဘောတူညီချက်ရရှိထားပေမယ့် အဓိကကျတဲ့ကိစ္စရပ်တွှေအပေါ် ညှိနှိုင်းဖို့လိုအပ်နေတယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်တဲ့ ပါလက်စတိုင်း တာဝန်ရှိသူတယောက် ပြောပါတယ်။
သဘောတူညီချက်အတွက် အဓိကအတားအဆီးတစ်ခုကတော့ အီဂျစ်နဲ့ နယ်နိမိတ်တလျှောက် ဂါဇာတောင်ပိုင်းရှိ မဟာဗျူဟာအရေးပါတဲ့နယ်မြေဖြစ်တဲ့ ဖီလာဒယ်လ်ဖီးယားမှာ အစ္စရေးတပ်တွေ ဆက်လက်ရှိနေမယ့် ကိစ္စဖြစ်ပါတယ်။
အစ္စရေးကတော့ ဒီဒေသမှာ ဆက်လက်တပ်စွဲထားမယ်လို့ ဆိုပါတယ်။ ဆွေးနွေးမှုမှာတော့ အစ္စရေးနဲ့ ဂါဇာနယ်စပ်တလျှောက်မှာ ကီလိုမီတာများစွာကျယ်ဝန်းတဲ့ ကြားခံဇုန်တခုဖန်တီးဖို့လည်း ပါဝင်ပါတယ်။
ဒီပြသနာတွေကို ဖြေရှင်းညှိနှိုင်းပြီးပြီဆိုရင်တော့ ရက်ပိုင်းအတွင်း အဆင့်သုံးဆင့်ပါတဲ့ အပစ်အခတ်ရပ်စဲရေးကို သဘောတူနိုင်မယ်လို့ ဆွေးနွေးမှုမှာပါဝင်တဲ့ ပါလက်စတိုင်းတာဝန်ရှိသူကပြောပါတယ်။
သဘောတူချက်အဆင့်သုံးဆင့် ပထမအဆင့်မှာတော့ အမျိုးသမီးစစ်သမီးတယောက်ကို ပြန်လွှတ်တိုင်း ပါလက်စတိုင်းအကျဉ်းသား အယောက် ၂၀ ကို အစ္စရေးကပြန်လွှတ်ပေးမှာဖြစ်ပါတယ်။ ဘယ်သူတွေကို ပြန်လွှတ်ပေးမယ်ဆိုတာ သဘောတူညီချက်မရသေးပေမယ့် အစ္စရေးမှာ ၂၅ နှစ်အထက် ထောင်ကျနေသူ ၄၀၀ ထဲက ရွေးချယ်မှာဖြစ်ပါတယ်။
ပျောက်ဆုံးနေတဲ့ ဓါးစာခံအချို့ကို ဟားမတ်စ်တို့က ရှာဖွေနေဆဲလို့ ယူဆရတာကြောင့် အစ္စရေးဓါးစာခံတွေကို ဟာမတ်စ်တို့က အဆင့်ဆင့် ပြန်လွှတ်ပေးဖွယ်ရှိပါတယ်။ ဂါဇာမှာ ဓါးစာခံ ၉၆ ယောက်ထိန်းသိမ်းခံထားရဆဲဖြစ်ပြီး ၆၂ ယောက်အသက်ရှင်နေသေးတယ်လို့ အစ္စရေးက ယုံကြည့်နေပါတယ်။
အီဂျစ်နဲ့ ကာတာတို့ရဲ့ ကြီးကြပ်မှုနဲ့ ပါလက်စတိုင်းဒုက္ခသည်တွေ ဂါဇာမြောက်ပိုင်းကို ပြန်လာနိုင်မှာဖြစ်ပြီး တနေ့ကို ထရပ်ကားအစီး ၅၀၀ ဝန်းကျင်နဲ့ အကူအညီတွေပေးအပ်မယ်လို့ ပါလက်စတိုင်းတာဝန်ရှိသူကပြောပါတယ်။
သဘောတူညီချက် နောက်ဆုံးအဆင့်မှာတော့ ဂါဇာစစ်ပွဲ အဆုံးသတ်ပြီး ယခင်နို်ငငံရေးနဲ့မဆက်နွယ်ပေမယ့် ပါလက်စတိုင်းအဖွဲ့အားလုံးရဲ့ကျောထောက်နောက်ခံပြုတဲ့ ကော်မတီတရပ်ကနေ ကြီးကြပ်သွားမှာဖြစ်ကြောင်း ၎င်းကပြောဆိုထားသည်။
Ref:BBC
Photo:Reuters
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး
