15 w - Translate

မြန်မာအသင်း ဗီယက်နမ်ကိုဂိုးပြတ်ရှုံးနိမ့်ပြီး အုပ်စုအဆင့်မှထွက်ရ

အာဆီယံချန်ပီယံရှစ် ၂၀၂၄ဘောလုံးပြိုင်ပွဲ အုပ်စု(ရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် ဗီယက်နမ်အသင်းနဲ့ မြန်မာအသင်းတို့ ဒီဇင်ဘာ၂၁ရက် ညပိုင်းက ဗီယက်နမ်နိုင်ငံမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး မြန်မာအသင်းက ဗီယက်နမ်အသင်းကို ငါးဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်ရှုံးနိမ့်ကာ အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရပါတယ်။

မြန်မာအသင်းဟာ ဒီပွဲစဉ်ကိုအနိုင်ရမှနောက်တစ်ဆင့်ကို တက်ရောက်မှာဖြစ်ပေမယ့်လည်း ဗီယက်နမ်အသင်းကို မယှဉ်နိုင်ခဲ့ဘဲ ဂိုးပြတ်ရှုံးနိမ့်သွားခဲ့ရတာပါ။

ပထမပိုင်းပွဲကစားချိန်အပြီးမှာ ဂိုးမရှိသရေကျနေပေမယ့် ဒုတိယပိုင်းမှာတော့ ဗီယက်နမ်အသင်းရဲ့သွင်းဂိုးတွေကို ခွင့်ပြုပေးခဲ့ရတာဖြစ်ပါတယ်။

အုပ်စု(ရဲ့ ပွဲစဉ်အားလုံးယှဉ်ပြိုင်ကစားပြီးချိန်မှာ ဗီယက်နမ်အသင်းက ရမှတ်၁၀မှတ်နဲ့ အုပ်စုပထမ၊ ဖိလစ်ပိုင်အသင်းက ရမှတ်၆မှတ်နဲ့ အုပ်စုဒုတိယရပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။

ဆီမီးဖိုင်နယ်ပွဲစဉ်တွေအဖြစ် ထိုင်းနဲ့ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ စင်ကာပူအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။
ဓာတ်ပုံ-MFF

image