15 w - Translate

နောက်ဆုံး12ပွဲမှာ 9ပွဲအထိရှုံးခဲ့တဲ့ စီးတီး

စီးတီးအနေနဲ့မနေ့ညကယှဉ်ပြိုင်ကစားခဲ့တဲ့ ဗီလာနဲ့ပွဲမှာ ရှုံနိမ့်ခဲ့ပြီးနောက်ဆုံးကစားခဲ့တဲ့ 12ပွဲမှာ 9ပွဲအထိရှုံးနိမ့်ခဲ့ပြီး ချန်ပီယံအိမ်မက်ပျက်သုန်းခဲ့ပြီဖြစ်တယ်။
မနေ့ညကစီးတီးအနေနဲ့ 3-2-4-1ကစားကွက်နဲ့ဟာလန်းကိုအထောင်ကစားကာ ကွင်းလယ်မှာလူအပြောင်းအလဲလုပ်ခဲ့တယ်။ ဒါပေမယ့်မနေ့ညကပွဲအစကတည်းကဗီလာက စီးတီးထပ်အစစအရာရာသာခဲ့ပြီး ပွဲအစပိုင်းမှာ ရတဲ့ထောင့်ကန်ဘောကနေတောရပ်ရဲ့အပိုင်ခေါင်းတိုက်ချက်မဂိုခဲ့တာကဗီလာအတွက်နစ်နာခဲ့တယ်။ ဒါပေမယ့်ဗီလာကချက်ချင်းဆိုသလိုတိုက်စစ်ဆင်ခဲ့ပြီး ဒူရမ်ကဗီလာအတွက်အဖွင့်ဂိုးသွင်းယူပေနိုင်ခဲ့တယ်၊ ပထမပိုင်းမှာစီးတီးဘာမှလုပ်မပြနိုက်ခဲ့သလို၊ဘောလုံးပိုင်ဆိုင်မှုလည်းအသာမရခဲ့ဘူး၊ ဂိုးပေါက်လည်းမတည့်ခဲ့ဘူး။
ဒုတိယပိုင်းမှာ ဂရီးလစ်ရဲ့ပေးပို့မှုကနေဂွါဒီယိုခေါင်းတိုက်ခဲ့တဲ့တစ်ကြိမ်အခွင့်အရးရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ဘူး။ 65မိနစ်မှာရော်ဂျာက မက်ကင်းရဲ့ဖန်တီးမှုကနေဒုတိယဂိုးရခဲ့ပြီးအနိုင်ပြတ်သားခဲ့တယ်။ လက်ကျန်ပွဲကစားချိန်မှာစီးတီးကကဆာီယို၊ ဒူကူတို့ကိုထည့်ပြီးပွဲကိုအနိုင်ရဖို့ကြိုးစားခဲ့ပေမယ့်ဘာမှလုပ်မပြနိုင်ခဲ့ဘူး၊ ပွဲချိန်ပြီးခါနီးမှာ ဖိုဒန်ရဲ့ထိုးဖောက်မှုကနေမန်စီးတီးအတွက်ခြေပဂိုးတစ်ဂိုးသွင်းနိုင်ခဲ့ပြီး 2-1နဲ့ပွဲပြီးဆုံးသွားတယ်။ ဒီပွဲကြောင့်စီးတီးဟာချန်ပီယံကာကွယ်ဖို့မျှော်လင့်ချက်ပြီးဆုံးခဲ့ပြီဖြစ်တယ်

image