ကာရာဘောင်ဖလားကွာတားဖိုင်နယ်ပွဲစဥ်က စပါးနဲ့ ယူနိုက်တက်ပွဲမှာ ဖြစ်ပွားခဲ့တဲ့ ပုံမှန်မဟုတ်တဲ့ အငြင်းပွားဖွယ်ဖြစ်ရပ်ကို ပုံမှန်စုံစမ်းစစ်ဆေးဖို့ အက်ဖေကို အကြံဉာဏ်ပြုလာကြပါတယ်။
စပါးအသင်းအတွက် ပွဲသိမ်းဂိုးအဖြစ် ဆွန်ဟောင်မင်ဂိုးမှာ ယူနိုက်တက်ဂိုးသမားဖြစ်သူ ဘေယန်ဒီကို စပါးကစားသမား လူးကပ်စ်က ပြစ်ဒဏ်ဘောကျူးလွန်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ဗီအေအာကို ပြန်လည်သုံးပီး အငြင်းပွားမှုကို မဖြေရှင်းခဲ့ပါဘူး။ ဒါကြောင့်လည်း ယူနိုက်တက်ကစားသမားတွေက အတော်လေးစောဒကတက်ခဲ့ကြတာပါ။ ဗီအေအာကို ပြန်မစစ်ခဲ့ပေမယ့် ပွဲကြည့်စင်စခရင်ကနေပြန်ပြခဲ့တာပါ။ စောဒကတက်ခဲ့ကြတဲ့ ဘေယန်ဒီနဲ့ ဖာနန်ဒက်စ်တို့ အဝါကတ်ပြခံလိုက်ရတာပဲ အကျိုးကျန်ခဲ့ပါတယ်။ ဒိုင်လူကြီးကတော့ ခေါင်းမာစွာနဲ့ ဗီအေအာကို ပြန်မကြည့်ပေးခဲ့ပါဘူး။
