🌿 ဝက်မျှစ်ချဉ် 🌿
*****************
မျှစ်ချဉ်နဲ့ ဝက်သားချက်တဲ့အခါ
မျှစ်ချဉ်ဆို ဝါးပိုးမျှစ်ချဉ်မှ
ဝက်သားက သုံးထပ်သားနဲ့ ချက်မှ အကြိုက်ဆုံးပါပဲ။
ဝါးပိုးမျှစ်ချဉ်ဆိုလည်း
ပဲခူးက ဝါးပိုးမျှစ်ချဉ်ကို အကြိုက်ဆုံးပါ။
ချက်တာကတော့ လွယ်ပါတယ်။
ဝက်သား သုံးထပ်သားကို အတုံးတုံးပီး
နနွင်း,အရသာမှုန့်,ဆား,သကြားတို့နဲ့ နယ်၍ ခဏနှပ်ထားပါ။
ကြက်သွန်ဖြူ/ နီ ကြိတ်ထားပါ။
ဝါးပိုးမျှစ်ချဉ်ကို လှီးဖြတ်ထားပါ။
________________________________________________
ချက်ရန်
*******
အိုးထဲ ဆီထည့် အပူပေးပီး
ကြိတ်ထားတဲ့ ကြက်သွန်ဖြူ/နီ ထည့်၍ ဆီသတ်ပါ။
ရွလာခါနီးရင် ငရုတ်သီး အစိမ်းမှုန့်, ထည့်မွှေပီး
အရသာနယ်ထားတဲ့ ဝက်သားထည့်ပီးလုံးနောက်
မျှစ်ချဉ်ထည့်မွှေပေးပါ။
ပီးရင် ရေမြုပ်အောင်ထည့်၍
အရသာမှုန့်,ဆား,သကြား လိုသလို ထည့်ပီး အဖုံးအုပ်ထားပါ။
မီးအား မပြင်းရပါ။
မီးအားသင့်ရုံနဲ့ အခေါက်နူးအောင်ချက်ပါ။
အခေါက်များ နူးအိလာရင် မျှဉ်ချဉ်လည်း နူးပါပီ။
ရေခပ်ပျစ်ပျစ်သာချက်ပါ။
ရေကျဲရင် စားမကောင်းပါ။
