16 hrs - Translate

Iron_Musk
-------------------
ဇာတ်လိုက်ကျော်ကြီး အီလွန်မတ်စ်ဟာ အစိုးရဘတ်ဂျက်ကိစ္စ မွှေလို့မှ မပြီးသေး လေတပ်က F-35 တိုက်လေယာဉ်တွေကိစ္စ အပြစ်တင်မိလို့ လေတပ်ဝန်ကြီးက ပြန်ပက်လိုက်တယ်။

မတ်စ်က F-35 လို တန်ဘိုးကြီးပြီး လူမောင်းရတဲ့ တိုက်လေယာဉ်တွေက အသုံးမတည့်တော့ဘဲ ဒရုန်းတွေနဲ့ယှဉ်ရင် ဒီဇိုင်းတွေက တလွဲတွေလို့ ပို့စ်တင်ခဲ့တယ်။ ဒီလို တိုက်လေယာဉ်တွေဟာ ခေတ်မီ လေကာဒုံးကျည်တွေ ဒရုန်းတွေနဲ့ ပစ်ချခံရမှာပဲလို့ ရေးခဲ့တယ်။

ဒါကြောင့် လေတပ်ဝန်ကြီး ဖရန့်ကန်ဒါးလ်က မတ်စ်ကို အင်ဂျင်နီယာတစ်ယောက်အနေနဲ့ လေးစားပေမယ့် တိုက်လေယာဉ်တွေကိစ္စ ဝေဖန်ဖို့တော့ လေကြောင်းတိုက်ခိုက်ရေးနည်းပညာအကြောင်း ပိုလေ့လာလိုက်ပါဦးလို့ တုံ့ပြန်ခဲ့တယ်။
မတ်စ်ပြောသလောက် လူမဲ့လေယာဉ်က လူမောင်းတဲ့လေယာဉ်ထက် သာလွန်ဖို့ဆိုတာက နှစ်တွေအများကြီး လိုပါသေးတယ်လို့ ဆိုတယ်။

တကယ်တော့ အမေရိကန်လေတပ်မှာ လူမောင်းတဲ့ F-35 တွေနဲ့ ဒရုန်းတွေအုပ်ဖွဲ့ပျံပြီး အန္တရာယ်များတဲ့ ပစ်မှတ်တွေကို ဒရုန်းတွေထိုးဆင်းတိုက်ခိုက်စေတဲ့ စီမံချက်တွေ ရှိပါတယ်- အဲဒါမျိုးကို သူအားပေးထားတယ်လို့ ဖရန့်ကန်ဒါးလ်က ပြောပါတယ်။
တခြာနည်းပညာတွေ မြင့်တာတဲ့ပေါ်မူတည်ပြီး ပဉ္စမမျိုးဆက် တိုက်လေယာဉ် F-35 ဝယ်ဖို့ အရေအတွက် လျှော့ပစ်တာတော့ အနာဂတ်မှာ ရှိကောင်းရှိနိုင်တယ်ဆိုပါတယ်။ လတ်တလောမှာတော့ F-35 အစင်း ၁၇၀၀ အထိ ဝယ်သွားဖို့ စီစဉ်ထားပါတယ်။
F-35 နဲ့ ဒရုန်းတွေအပေါ် အီလွန်မတ်စ်ရဲ့ အမြင်တွေက အမေရိကန် ကာကွယ်ရေးအသုံးစရိတ်အပေါ် ဘယ်လို အကျိုးသက်ရောက်နိုင်မလဲ မသဲကွဲသေးပါ။ ဖက်ဒရယ်ဘတ်ဂျက်ကို လျှော့ချဖို့ ရည်ရွယ်တဲ့ DOGE အစိုးရစွမ်းဆောင်ရည်ဌာနသစ်ရဲ့ အကြီးအကဲဖြစ်လာမယ့် မတ်စ်ဟာ တစ်စင်းဒေါ်လာ သန်း ၁၀၀ လောက်ကုန်တဲ့ F-35 အစား အဲဒီလောက် ပိုက်ဆံမကုန်တဲ့ လူမပါတဲ့ စက်ရုပ်ပျံတွေနဲ့ တိုက်ပွဲဝင်ခိုင်းချင်ပုံ ရပါတယ်။
Credit

image