ဂျာမနီမှာ ခရစ်စမတ်စျေးလူအုပ်ထဲ ကားဝင်တိုက်လို့ ၆၈ ယောက်ဒဏ်ရာရ

ဒီဇင်ဘာ ၂၁

ဂျာမနီနိုင်ငံ မက်ဒီဘာ့မြို့ရှိ ခရစ်စမတ်စျေးတခုမှာ ကားတစီးက လူအုပ်ထဲဝင်တိုက်မှုကြောင့် ကလေးငယ်တယောက်အပါအဝင် လူနှစ်ယောက်သေဆုံးခဲ့ပြီး ၆၈ ယောက်ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ဒီဇင်ဘာ ၂၀ ရက်မှာပြောပါတယ်။

ဒီဖြစ်စဉ်ကြောင့် ဒဏ်ရာရသူတွေထဲက ၁၅ ယောက်ကတော့ ဒဏ်ရာတွေပြင်းထန်တာကြောင့် အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ မြို့တော်အာဏာပိုင်တွေက ပြောပါတယ်။ သံသယရှိသူဟာ အသက် ၅၀ အရွယ် ဆော်ဒီအာရေဗျ ဆရာဝန်တယောက်လို့ ယူဆရတယ်ဆိုပါတယ်။

လက်ရှိမှာတော့ သူ့ကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ သံသယရှိသူဟာ သူတယောက်တည်း လုပ်ဆောင်ခဲ့တယ်လို့ ဒေသဆိုင်ရာအာဏာပိုင်တွေက ပြောဆိုထားပေမယ့် အကြမ်းဖက်တိုက်ဖျက်ရေး တာဝန်ရှိသူတွေကတော့ ယတိပြတ်ယူဆလို့မရသေးဘူးလို့ ဆိုပါတယ်။

ဂျာမနီရှိ ခရစ်စမတ်စျေးမှာ အခုလိုဖြစ်ရပ်က ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ရှစ်နှစ်ကလည်း အစ္စာလာမ္မစ်အစွန်းရောက်တွေနဲ့ ဆက်စပ်နေတဲ့ ခိုလှုံခွင့်မအောင်မြင်သူတယောက်ဟာ ဘာလင်ရှိ ခရစ်စမတ်စျေး လူအုပ်ထဲကို ကားနဲ့ဝင်တိုက်မှုကြောင့် လူ ၁၂ ယောက် သေဆုံးခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဆော်ဒီအာရေဗျက ရှုတ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ဂျာမနီပြည်သူတွေနဲ့အတူ ရပ်တည်နေတယ်လို့ဆိုပါတယ်။ တိုက်ခိုက်မှုရဲ့ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး လက်ရှိအချိန်ထိ ရှင်းလင်းစွာ မသိရသေးပါဘူး။

Ref:BBC
Photo:CBS/Getty Images

#သတင်းဟင်းလေးအိုးကြီး

image
image
image