🌿 ဝက်မုန်ညင်းချဉ် 🌿
*********************
အိုးထဲ ဆီထည့် အပူပေးပီး
နနွင်း အနည်းငယ်ထည့်မွှေပါ။
ကြိတ်ထားတဲ့ ကြက်သွန်ဖြူ/နီ ထည့်၍ ရွလာအောင်ဆီသတ်ပီးရင်
အရသာနယ်ထားတဲ့ ဝက်သားထည့်မွှေပါ။
အသားမြုပ်အောင် ရေနွေးပူ ထည့်မွှေပီးရင်
မုန်ညင်းချဉ် ထည့်မွှေ၍ အဖုံးအုပ်ထားပါ။
အခေါက်များ နူးအိလာပီး ဆီပျံလာပီးရင် ရပါပီ။
________________________________________________
ပြင်ဆင်ထားရန်
**************
ဝက်သား သုံးထပ်သားကို အတုံးတုံးပီး
အရသာမှုန့်,သကြား, ဆား တို့နဲ့ နယ်၍ ခဏနှပ်ထားပါ။
ကြက်သွန်ဖြူ/ နီ ကြိတ်ထားပါ။
________________________________________________
ပါဝင် ပစ္စည်းများ
***************
ဝက်သားသုံးထပ်သား
မုန်ညင်းချဉ်
ကြက်သွန်ဖြူ , ကြက်သွန်နီ
အရသာမှုန့် , သကြား , ဆား , နနွင်း
မြေပဲဆီ
________________________________________________
မုန်ညင်းချဉ် အရသာများ ဝက်သားသုံးထပ်သားထဲအထိ စိမ့်ဝင်ပီး
ချဉ်ဖြုန့်ဖြုန့်နဲ့ မအီစေပဲ ထမင်းစားမြိန်တဲ့ ဟင်းတစ်ခွက်ပါ။
ငရုတ်သီး အစိမ်းမှုန့်ထည့်ချက်လဲ ရပါတယ်။
ကျမက အရောင် ဝါဝါလေးကို ပိုနှစ်သက်ပြီး
နနွင်းက ဆေးဖက်ဝင်တာမို့လို့
ငရုတ်သီး အစိမ်းမှုန့်ထည့်မချက်ပါဘူး။
မိမိ နှစ်သကိသလို
အချို အငံ အရသာစပ်ပါ။
ကျမကတော့ ဝက်သား ၂၅ သားကို
သကြား လဖက်စားဇွန်း ၂ ဇွန်းအမောက် ထည့်ပါတယ်။
မုန်ညင်းချဉ် အရသာ ကောင်းကောင်း စားချင်ရင်တော့
တောင်ကြီး, မေမြို့ဖက်က
မုန်ညင်းချဉ် နဲ့သာ ချက်ပါ။
