17 ပတ် - ဘာသာပြန်ပါ။

အမရပူရမြို့တွင် ဆီဘောက်ဆာယာဉ်တစ်စီး အနည်းငယ်မီးလောင်မှုုဖြစ်ပွားရာမှ ယာဉ်မောင်းဒဏ်ရာရ

နေပြည်တော်၊ ဒီဇင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ပန်းချီကျေးရွာအနီး စစ်ကိုင်း-မန္တလေးလမ်းဟောင်း၊ ပန်းချီကျေးရွာ၊ KT စက်သုံးဆီဆိုင်ရှေ့လမ်းမတွင် ဆီဘောက်ဆာယာဉ်တစ်စီး အနည်းငယ်မီးလောင်မှုုဖြစ်ပွားရာမှ ယာဉ်မောင်းဒဏ်ရာရရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၉ ရက် နေ့လည် ၂ နာရီ ၄၃ အချိန်တွင် ဆီဘောက်ဆာယာဉ်တစ်စီး မီးလောင် ကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ အမရပူရမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)၊ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မြစ်ငယ်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ တောင်သမန်ကျေး ရွာအရန်မီး သတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဘုံးအိုးကျေးရွာအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရှမ်းကေ လးကျွန်းကျေးရွာအရန်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တ ပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နေ့လည် ၃ နာရီအချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

“KT ဆီဆိုင်ရဲ့ရှေ့ကလမ်းမမှာဖြစ်တာ။ ကားထဲကိုဆီထည့်ရင်းနဲ့ ယာဉ်မောင်းရဲ့ဖိနပ်မှာ ခဲညှပ်လာတော့ အဲ့ခဲညှပ်တဲ့ဖိနပ်နဲ့ ဆီတိုင်ဂီရဲ့အဖုံးပွတ်တိုက်မိပြီး လောင်တာပါ။ ဆီဘောက်ဆာရဲ့အရှေ့ခန်း အနည်းငယ်ပဲ လောင်တာ။ယာဉ်မောင်းတော့ အနည်းငယ်ဒဏ်ရာရတယ်” လို့ အမရပူရမြို့နယ်မီးသတ်စခန်းမှ တာဝန်ရှိသူ တစ်ဦးမှ ပြောသည်။

မီးလောင်မှုကြောင့် ယာဉ်မောင်းဖြစ်သူအမျိုးသားမှာ ဘယ်ဘက်ဒူးခေါင်းနှင့် ပုခုံးတို့တွင် အနည်းငယ်မီး လောင်ဒဏ်ရာရရှိသောကြောင့် ၎င်းကို လူငယ်အားမာန်လူမှုကူညီရေးအသင်း လူနာတင်ယာဉ်ဖြင့် အမရပူရမြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Photo – Credit

#centralnewsnaypyitaw

image