17 ပတ် - ဘာသာပြန်ပါ။

အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံသို့ ပိုလီယိုအစက်ချကာကွယ်ဆေး(၂)သန်းကျော်ထောက်ပံ့

အင်ဒိုနီးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပိုလီယိုအစက်ချကာကွယ်ဆေး(၂ ဒသမ ၇၁၆)သန်း doses of Polio bOPV ထောက်ပံ့ပေးခဲ့ပြီးဆေးများအား ရန်ကုန်မြို့သို့ပို့ဆောင်ခြင်းအခမ်းအနားကို ဒီဇင်ဘာ ၁၉ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ ၌ကျင်းပခဲ့သည်။

အခမ်းအနားသို့ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ယာယီတာဝန်ခံ/သံအမတ် ဦးမန်ဟောက်ထန်တက်ရောက်ခဲ့သည်။

ထို့ပြင် အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီးဌာန၊ ဆေးဝါးစီမံခန့်ခွဲရေးနှင့် ဝန်ဆောင်မှုဆိုင်ရာ ညွှန်ကြားရေးမှူး Dr. Agusdini Banun Saptaningsih ၊ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင် ရွက်မှု ညွှန်ကြားရေးမှူး Ms. Rina Setyawati၊ အင်ဒိုနီးရှားအပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအေဂျင်စီ (Indonesian Agency for International Development – Indonesian AID)မှ အမှုဆောင်အရာရှိချုပ် Mr. Tor Tobing တို့လည်းတက်ရောက်ခဲ့ကြသည်။

image