ငှက်ပျောပေါင်းလုပ်နည်း
လုပ်နည်း
အရင်ဆုံး ငှက်ပျောသီး အဖန်ဓာတ်ဖယ်ဖို့လိုပါတယ်။
အဖန်ဓာတ်ပါရင် စားလို့မကောင်းပါဘူး။
အဖန်ဓာတ်ဖယ်ဖို့ မန်းကျည်းရွက် သိူ့မဟုတ် ကင်ပွန်းချဉ်ရွက် အနေတော်နဲ့ ငှက်ပျောသီးကို ရောပြုတ်ပါတယ်။
ပြီးရင် ....ပွက်ပြီ အခွံတွေ ဟ လာပြီ ကွဲလာပြီဆို ဆယ်ပြီး တလူံးချင်း အခွံခွာပါမယ်။
ပြီးရင် အိုးထဲကို အုန်းနို့ + နွားနို့ + သကြား + ဆားနဲ့ ငှက်ပျောသီး ထည့် မီးအေးအေးနဲ့ ကျိုပါတယ်။
ဘယ်လောက်ထည့်ထည့်ပါ။ ဆားကတော့လိုသလောက်ထည့် ကျန်တာ ကိုယ်ကြိုက်သလိုထည့်ပါ။
နွားနို့များရင် အနံ့မွှေးမယ် စိမ့်မယ် သကြားများရင် ချိုပါမယ် လိုသလိုထည့်ပါ။
ပွက်ပြီ ငှက်ပျောသီးတွေ နူးပြီး အူကွဲပြီဆို စားလို့ရပါပြီ။
#crd




