17 w - Translate

တနှစ်အတွင်း ပွဲကစားချိန်မိနစ်အများဆုံး ကစားသမားစာရင်းတွင် ခွန်ဒီနှင့် ဗန်ဒိုက် ထိပ်ဆုံးက ပါဝင်

၂၀၂၄ ခုနှစ်အတွင်းမှာ နိုင်ငံနဲ့ ကလပ်အသင်းတွေအတွက် ပွဲကစားချိန်မိနစ်အများဆုံး ကစားသမား တွေကို ဘောလုံးအချက်အလက်ရှာဖွေးရေး သုတေသနအဖွဲ့ CIESက ထုတ်ပြန်လိုက်ပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၁၅ ရက်အထိ ကမ္ဘာတဝန်းက ထိပ်တန်းလိဂ် ၆၆ ခုက ကစားသမားတွေကို CIESက လေ့လာပြီး ထုတ်ပြန်ခဲ့တာပါ။

CIES ရဲ့ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်အတွင်း ပွဲကစားချိန်မိနစ်အများဆုံးကစာသမားက ပြင်သစ်နဲ့ ဘာစီလိုနာ နောက်ခံလူခွန်ဒီ ဖြစ်ပြီး စုစုပေါင်း ၆၉ ပွဲမှာ ၅၈၇၂ မိနစ်အထိ ကစားခဲ့ရတာပါ။

ပရီးမီးယားလိဂ်ကစားသမားတွေထဲမှာတော့ ဟော်လန်နဲ့ လီဗာပူးနောက်ခံလူ ဗန်ဒိုက်က မိနစ်အများဆုံးကစားခဲ့ပြီး နိုင်ငံနဲ့ ကလပ်အသင်းအတွက် စုစုပေါင်း ၆၄ ပွဲကစားခဲ့ကာ ၅၅၂၃ မိနစ် စားခဲ့ရတာပါ။

ဗန်ဒိုက်ပြီးရင် ပြင်သစ်နဲ့ အာဆင်နယ်နောက်ခံလူ ဆာလီဘာ၊ ပေါ်တူဂီနဲ့ မန်ယူကွင်းလယ်လူ ဖာနန်ဒက်စ်၊ မန်ယူနောက်ခံလူ ဒါလော့၊ ချဲလ်ဆီးက ကိုင်ဆယ်ဒို၊ လီဗာပူးက လူးဝစ်ဒီယက်ဇ်တို့က အစဉ်လိုက်ရပ် တည်ခဲ့ပါတယ်။
DVB
Photo: Reuters

image