17 ပတ် - ဘာသာပြန်ပါ။

မန္တလေးမြို့တွင် ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲပြီး ငွေကျပ် သိန်းသုံးထောင်တောင်းကာ သတ်ဖြတ်၊ ကျူးလွန်သူများကို ဖမ်းဆီးရမိ

နေပြည်တော်၊ ဒီဇင်ဘာ ၂၀

မန္တလေးမြို့တွင် ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲပြီး ငွေကျပ် သိန်းသုံးထောင်တောင်းကာ သတ်ဖြတ်ခဲ့ကြောင်းနှင့် ကျူးလွန်သူများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ (၁၇)ရက် နံနက် (၉)နာရီခွဲခန့်က ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၊ ၁၀၁ အေလမ်း၊ ၅၅လမ်းနှင့် ၅၆လမ်းကြားတွင် နေထိုင်သည့် အသက် (၃၃)နှစ်အရွယ် ဒေါက်တာအောင်မြင့်မြတ်ထွန်းသည် အပြင်ဆေးခန်းသို့ ဆေးကုသရန် သွားရောက်ရာမှ အဆက်အသွယ် ပြတ်သွားကြောင်းနှင့် မွန်းတည့် (၁၂)နာရီခန့်တွင် ဒေါက်တာအောင်မြင့်မြတ်ထွန်းအား ပြန်ပေးဆွဲထားပြီး အသက်ရှင်လျက် ပြန်လိုချင်ပါက ငွေကျပ်သိန်းသုံးထောင်ဖြင့် လာရွေးယူရန် ၎င်း၏ မိသားစုဝင်များထံ ဖုန်းဝင်လာခဲ့ကြောင်း သိရသည်။

ယင်းနောက် ညနေ (၃)နာရီခန့်တွင် ဘုရားကြီးအနီးသို့ ငွေလာရောက်ပေးရန် ချိန်းဆိုသဖြင့် ဒေါက်တာ အောင်မြင့်မြတ်ထွန်း၏ မိသားစုဝင်များမှ ငွေသိန်းသုံးထောင်ဖြင့် သွားရောက်ခဲ့ရာ မီနီအိုးဝေသမားမှတဆင့် အဆင့်ဆင့် လက်လွှဲယူခဲ့ပြီး ပြန်ပေးဆွဲခံရသူအား နောက်ရက်တွင် ပြန်ပို့ပေးမည်ဟု ပြောခဲ့ကြောင်း သိရသည်။

သို့သော်လည်း ဒီဇင်ဘာလ (၁၉)ရက် နံနက် (၄)နာရီခန့်တွင် အဲ့ဒီ ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီးအနီး၊ ရွှေတချောင်းမြောင်း အတွင်းတွင် လက်ပြန်ကြိုးတုပ်ထားပြီး ဓားဒဏ်ရာ အများအပြားဖြင့် သေဆုံးနေသည့် ဒေါက်တာ အောင်မြင့်မြတ်ထွန်း၏ ပုပ်ပွနေသည့် ရုပ်အလောင်းကို တွေ့ရှိခဲ့သည်။

၎င်းနောက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ငွေလွှဲပြောင်း ရယူခဲ့သည့် မီနီအိုးဝေမှတဆင့်၊ CCTV မှတ်တမ်းများ အပါအဝင် စုံစမ်းစစ်ဆေးရာတွင် ပြန်ပေးဆွဲ ကျူးလွန်သူကို ဒီဇင်ဘာ (၁၈)ရက် နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ပြီး အတူကျူးလွန်သူကို (၁၉)ရက်တွင် ဖမ်းဆီးရမိခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စစ်ဆေးချက်အရ ကျူးလွန်သူသည် ဆေးခန်းဖွင့်ထားသည့် ဆရာဝန်တစ်ဦးဖြစ်ပြီး ၎င်းပိုင်ဆေးခန်းတွင် ဆေးကုသရန်ခေါ်ဆောင်ခဲ့ကာ ပြန်ပေးဆွဲခဲ့ကြောင်း သိရသည်။

#centralnewsnaypyitaw

image