ရန်ကုန်တိုင်းရှိ မြို့နယ်များတွင် ည ၉ နာရီမှ နံနက် ၁ နာရီအထိ လျှပ်စစ်မီး ထပ်မံဖြတ်တောက်မည်
ရန်ကုန်၊ ဒီဇင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး မြို့နယ်တော်တော်များတွင် ဓါတ်အားစနစ်အတွင်း ဝန်အားမနိုင်နင်းမှုကြောင့် ည ၉ နာရီမှ နံနက် ၁ နာရီအထိ လျှပ်စစ်မီး ထပ်မံဖြတ်တောက်မည်ဖြစ်ကြောင်း မြို့နယ် YESC ရုံးမှ အသိပေး ကြေညာထားသည်။
ယခင် နံနက် ၅ နာရီမှ ည ၉ နာရီအထိ ၄ နာရီ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်မီး ဖြန့်ုဖြူးပေးခဲ့သော်လည်း ဒီဇင်ဘာ ၁၉ ရက်နေ့မှ စတင်ကာ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ လှိုင်၊ အင်းစိန်အပါအဝင် မြို့နယ် တော်တော်များတွင် ည ၉ နာရီမှ နံနက် ၁ နာရီအထိပါ လျှပ်စစ်မီး ထပ်မံဖြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။
လျှပ်စစ်မီး ည ၉ နာရီမှ နံနက် ၁ နာရီအထိ ဖြတ်တောက်မည်ဖြစ်သော်လည်း နံနက် ၁ နာရီမှ နံနက် ၅ နာရီအထိအား Group A နှင့် B နှစ်စုလုံးအား မီးပေးထားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီးပေးရာတွင် Group A နှင့် Group B ခွဲကာ ၄ နာရီ လျှပ်စစ်မီးပေးပြီး ၄ နာရီ လျှပ်စစ်မီးပြတ်တောက်နေခြင်းဖြစ်သည်။
#centralnewsnaypyitaw
