ခြံအမှတ် (၅၄) ကို စျေးလျော့လေလံတင်ရောင်းချဖို့ ထပ်မံ တရားရုံး အမိန့်ချ
ဒီဇင်ဘာ ၂၀
ရန်ကုန်၊ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် (၅၄)ကို စျေးလျော့လေလံတင်ရောင်းချဖို့ အတွက် ထပ်မံပြီး ဒီဇင်ဘာ ၁၈ ရက်နေ့က ကမာရွတ်ခရိုင် တရားရုံးကနေ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီခြံကို ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက စျေးလျော့ကာ ကျပ် (၂၉၀) ဘီလီယံနဲ့ တတိယအကြိမ်မြောက် လေလံတင်ရောင်းချခွင့်ပြုဖို့ တင်ပြလျှောက်ထားခဲ့တာပဲ ဖြစ်ပါတယ်။
တရားရုံးကနေ ကျပ် (၃၁၅) ဘီလီယံနဲ့ တစ်ကြိမ်၊ ကျပ် (၃၀၀) ဘီလီယံနဲ့ တစ်ကြိမ် လေလံတင်ရောင်းချခွင့် အမိန့် ချမှတ်ထားပေမယ့် ဝယ်ယူသူမရှိခဲ့တာကြောင့် ဦးအောင်ဆန်းဦးက ထပ်မံ တင်ပြေလျှောက်ထားခဲ့တာလို့ သိရပါတယ်။
လက်ရှိ နောက်ဆုံးချမှတ်ခဲ့တဲ့ လေလံစျေးဟာ ကျပ် (၂၉၇) ဘီလီယံ ဖြစ်ပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ (၅) ရက်နေ့မှာ ယင်းခြံရှေ့မှာ လေလံတင်ရောင်းချမှု ပြုလုပ်သွားမှာလို့ သိရပါတယ်။
#centralnewsnaypyitaw
