ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ဒေါ်နယ်ထရန့်နဲ့ အပေးအယူလုပ်ဖို့ အသင့်ရှိတယ်လို့ ပူတင်ပြော

မော်စကို၊ ဒီဇင်ဘာ၂၀

ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် ဖြစ်နို်ငခြေရှိတဲ့ ဆွေးနွေးမှုတွေမှာ အမေရိကန်ရွေးကောက်ခံသမ္မတနဲ့ အပေးအယူလုပ်ဖို့ အသင့်ရှိကြောင်း ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒါပေမယ့်လည်း ယူကရိန်းအာဏာပိုင်တွေနဲ့ ဆွေးနွေးပွဲတွေစတင်ဖို့တော့ အခြေအနေတွေမရှိသေးဘူးလို့ သူကဆိုပါတယ်။ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်ကတော့ ယူကရိန်းစစ်ပွဲကို အမြန်ဆုံး အဆုံးသတ်မယ်လို့ ကတိပြုထားပြီး ဘယ်လိုနည်းလမ်းသုံးမယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုထားတာမရှိပါဘူး။

နှစ်ပေါင်းများစွာ မတွေ့ဆုံဖြစ်ခဲ့တဲ့ ဒေါ်နယ်ထရန့်နဲ့ တွေ့ဆုံဖို့လည်း အသင့်ရှိတယ်လို့ ရုရှားသမ္မတပူတင်က သူ့ရဲ့နှစ်ပတ်လည်မိန့်ခွန်းမှာပြောပါတယ်။ရုရှားဟာ အင်အားနည်းလာတယ်ဆိုတဲ့ ပြောဆိုချက်တွေအပေါ် ပူတင်က ပယ်ချခဲ့ပြီး ၂၀၂၂ ခုနှစ် ယူကရိန်းစစ်ပွဲနောက်ပိုင်း ပိုမိုအားကောင်းလာတယ်လို့ သူကဆိုပါတယ်။

ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းအရှေ့ဘက်စစ်မျက်နှာတခုလုံးကို ဖြတ်ကျော်ချီတက်နေပြီး မူလရည်မှန်းချက်တွ ေအောင်မြင်ဖို့ ကြိုးပမ်းနေပြီး စေ့စပ်ညှိနှိုင်းမှုတွေနဲ့ အပေးအယူလို့ဖို့ အမြဲအသင့်ရှိတယ်ဆိုတာ ကြိမ်ဖန်များစွာ ပြောဆိုခဲ့ပြီဖြစ်ကြောင်း ပူတင်ကပြောပါတယ်။

ယူကရိန်းစစ်ပွဲအပစ်ရပ်ရေးအတွက် ဒေါ်နယ်ထရန့်နဲ့ ဆွေးနွေးရေး လမ်းဖွင့်ထားကြောင်း ပူတင်ကပြောဆိုခဲ့ပေမယ့် နယ်မြေပိုင်ဆိုင်မှုတွေကို စွန့်လွှတ်ဖို့ ငြင်းဆန်ခဲ့ပြီး ယူကရိန်းအနေနဲ့ နေတိုးအဖွဲ့မှာ ပါဝင်ဖို့ ကြိုးပမ်းမှုတွေကို စွန့်လွှတ်ဖို့ သူက တိုက်တွန်းထားပါတယ်။

Ref:CNA
Photo:AP

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image