လေထိုးစရာမလိုတဲ့ ကားတာယာ။
လေထိုးစရာမလိုတဲ့ ကားတာယာတွေကို အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့အခြေစိုက် SMART တာယာကုမ္ပဏီက မိတ်ဆက်ထားပါတယ်။
အမေရိကန် အာကာသစူးစမ်းလေ့လာရေးအေဂျင်စီ (နာဆာ) က ဒီတာယာတွေကို လကမ္ဘာပေါ်မှာသုံးဖို့ ဖန်တီးခဲ့တာဖြစ်ပြီး ရိုးရိုးတာယာတွေထက် ပိုမိုကောင်းမွန်ပါတယ်။
လေထိုးစရာမလိုတဲ့အတွက် ဘီးပေါက်တာမျိုး မဖြစ်နိုင်သလို ရော်ဘာသုံးတာယာတွေထက် ပိုမို တာရှည်ခံပြီး ရေရှည်အသုံးခံပါတယ်တဲ့။
Shape Memory Alloy (SMA) လို့ခေါ်တဲ့ ဆွဲဆန့်နိုင်တဲ့ စပရင်သတ္တုလေးတွေကို ဆန်ခါပုံစံလို ရက်ထားတဲ့ ဒီကားဘီးဟာ ရော်ဘာလိုပဲ ဆွဲဆန့်နိုင်ပြီး တိုက်တေနီယမ်သတ္တုလို ခိုင်ခံ့ပါတယ်။
စွန့်ပစ်ရော်ဘာကား တာယာတွေကနေထွက်ရှိတဲ့ ဓာတုပစ္စည်းတွေကြောင့် ကမ္ဘာတစ်ဝန်းမှာ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု အန္တရာယ်တွေနဲ့ရင်ဆိုင်နေရပြီး ဒီ SMART ကားတာယာတွေဟာ ကားသက်တမ်းတစ်လျှောက်လဲလှယ် စရာမလိုကြောင်းလဲ သိရပါတယ်။
SMART တာယာတွေဟာ ကတ္တရာလမ်းကို ကုပ်အားရှိအောင် အပြင်ဘက်မှာ ရော်ဘာကို တပ်ဆင်ရပြီး ကုပ်အားမရှိတော့ရင် အပြင်ပိုင်းလေးကိုပဲ လဲလှယ်ပေးရမှာ ဖြစ်ပါတယ်။
#ကားတာယာ
