26 w - Translate

မော်ဒယ်နိမ့်ကားတစ်စီးနဲ့ မလေးရှားကနေ မက္ကာကို ခရီးနှင်ခဲ့သူ

မလေးရှားနိုင်ငံသားတစ်ယောက်ဟာ မော်ဒယ်နိမ့် Proton Wira ကားကိုမောင်းရင်း မလေးရှားကနေ တိဘက်ကုန်းမြင့်အထိ ကီလိုမီတာ ၁၂၀၀၀ အကွာအဝေး ခရီးနှင်နိုင်ခဲ့ပါတယ်။ ဖော်ဝက်ဇ်ဇမ်ဇမ်က တစ်ကိုယ်တော်ခရီးနှင်ခဲ့တာတော့ မဟုတ်ပါဘူး။ မလေးရှား - မက္ကာ ချစ်ကြည်ရေးခရီးအဖြစ် လူပေါင်း ၂၀ ပါဝင်တဲ့ ခရီးစဉ်မှာ အတူလိုက်ပါခဲ့တာပဲ ဖြစ်ပါတယ်။

အဲဒီခရီးစဉ်မှာ အမျိုးသား ၁၃ ယောက်၊ အမျိုးသမီး ၇ ယောက်၊ ကားနဲ့ ဆိုင်ကယ် ၁၀ စီး ပါဝင်ခဲ့ပြီး ဖော်ဝက်ဇ်ဇမ်ဇမ်က ၁၁ ရက်တာအတွင်း ကီလိုမီတာ ၁၂၀၀၀ ကျော် မောင်းနှင်နိုင်ခဲ့တာပါ။ ထိုင်း၊ လာအို၊ တရုတ်၊ နီပေါ၊ အိန္ဒိယ၊ ပါကစ္စတန်၊ အီရန်၊ အီရတ်၊ ကူဝိတ်နိုင်ငံတွေ အပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံကို ဖြတ်သန်းမယ့် အဲဒီခရီးစဉ်ဟာ ဧပြီလ ၂၇ ရက်ကျရင် ဆော်ဒီနိုင်ငံ မက္ကာမြို့မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။ ခရီးစဉ် အဆုံးသတ်မှာတော့ သူတို့ရဲ့ခရီးစဉ်က ကီလိုမီတာ ၁၅၀၀၀ အကွာအဝေး ရှိလာမှာပါ။

Ref:M’sian Man Drives 12,000km From Malaysia To Tibet With His Proton Wira

image