18 ပတ် - ဘာသာပြန်ပါ။

.


☯️

( တန်ဘိုး ရှိလိုက်တာ )



#တန်ဖိုးရှိသော_သြဝါဒများ
~~~~~~~~~~~~~~~

၁။ လောကမှာ နာမည် ကြီးတယ်,
ဥစ္စာ ပေါတယ်, အောင်မြင် ကျော်ကြားတယ်
ဆိုပေမဲ့ သေတော့ ကိုယ့်ရဲ့ သီလ, သမာဓိ, ကိုယ်ကျင့်သိက္ခာတွေကိုပဲ အားကိုးစရာ ရှိပါတယ်။

၂။ သာသနာ ဆိုတာ ဘုရားအဆုံးအမကို ခေါ်တယ်။ ဘုရား အဆုံးအမ ဆိုတာကလဲ အနှစ်ချုပ်လိုက်ရင် သီလ, သမာဓိ, ပညာ သုံးပါးပဲ ရှိပါတယ်။

၃။ ကိုယ်အမူရာ သိမ်မွေ့ပါ, နှုတ်ပြော
ချိုသာပါ, စိတ်ထား ဖြောင့်မတ်ပါ။

၄။ မိဘတွေက သားသမီးတွေကို အမွေပေးတယ်ဆိုတာ မိဘက ဘုရင်ဖြစ်လျင် ဘုရင့်စည်းစိမ်, သူဋ္ဌေးဖြစ်လျင်
သူဋ္ဌေးစည်းစိမ် အနေနဲ့ တစ်ဘ၀စာပဲ
ပေးနိုင်ကြတယ်။ ဗုဒ္ဓ အမွေကတော့
တစ်သံသရာလုံး ကောင်းဖို့ ညွှန်ပေးနိုင်ခဲ့တယ်။

၅။ သံသရာ ဆိုတာ သေပြီးမှ တစ်ဘ၀ကူးတာ မဟုတ်ဘူး၊ နာမ်ရုပ်တွေ အဆက်မပြတ်
ဖြစ်ပျက်နေတာကို ခေါ်တာပါ။

၆။ တစ်ဘ၀၏ ကိုယ့်အဖြစ်ကို မကြည့်ပါနှင့်၊ တစ်သံသရာ လုံးရဲ့ ကိုယ့်အဖြစ်ကို မြင်အောင် ကြည့်ပါ။

၇။ သတ္တဝါတွေက ဒုက္ခရောက်တာကို ပြောနေကြတယ်။
သွားနေတာက ဒုက္ခလမ်းပဲ၊ ဒီတော့ ဒုက္ခကြားက ဒုက္ခလောင်းဟာ ဒုက္ခကိုပဲ တွေ့ရတာပေါ့။

၈။ သံဝေဂ မပါလျင် တရား မရှာလေနဲ့၊ ရမှာ မဟုတ်ဘူး။

၉။ သတ္တဝါတွေဟာ တကယ် ဒုက္ခ မရောက်သေးသမျှ
သိပ်မကြောက်ကြဘူး။

၁၀။ လောကကြီးမှာ ဘယ်လောက်ပဲ ကြီးကျယ်, အောင်မြင် ကျော်ကြား နေပါစေ၊
သေခါနီးမှ မျက်ရည် လည်ရရင် လူဖြစ်ရှုံးတာပါပဲ။

၁၁။ အမှတ်မဲ့ နေသူရဲ့ စိတ်ဟာ အကုသိုလ်ဖက် သွားနေသလို အကုသိုလ်တွေအကျိုးပေးဖို့အတွက်လဲ ထိုသူ့မှာ အဆင်သင့် ရှိနေတတ်တယ်။

၁၂။ ဘုန်းကံ ဆိုတာ ရှေးက ပါခဲ့ပေမယ့် ယခုဘ၀ ကြိုးစားမှုကလဲ ရှိရတယ်။ စင်စစ်တော့ ကံ ဆိုတာ ရေလာမြောင်းပေး လုပ်မှလည်း ကောင်းကျိုးရှိရာ ကောင်းကျိုးလာပြီး မကောင်းမှုရှိရာ မကောင်းကျိုး လာမှာပဲ။

၁၃။ စိတ်နေစိတ်ထားဆိုတာ သေးသိမ်တဲ့ နေရာမှာ နေပြီး
သေးသိမ်တဲ့ အလုပ်တွေကို မြင်နေ, ကြားနေရရင် ကိုယ့်စိတ်ကလဲ သေးသိမ်လာပြီး ကြီးကျယ်တဲ့ အလုပ်ကို မြင်ရ, ကြားနေရမှ ဓာတ်ကူးပြီး ကြီးကျယ် လာတတ်တယ်။

၁၄။ လူတွေဟာ ကိုယ့်ဥာဏ်က မမှီလျင် သူတစ်ပါး သိတာတွေကိုလဲ မယုံကြည်ကြ, အမှန် မထင်တတ်ကြဘူး။

၁၅။ သူများ အပြစ်ကို မကြည့်ပါနဲ့၊ ကိုယ့်အပြစ်ကို မြင်အောင် ကြည့်ပါ။

၁၆။ အရာရာမှာ ပထမ ဗဟုသုတ ရှိဖို့၊ ဒုတိယ သတိထားဖို့၊ တတိယ မှန်သလား, မမှန်သလား စုံစမ်းဖို့နဲ့ စတုတ္ထက ဝီရိယနဲ့ အလုပ် လုပ်နေဖို့ပဲ။

၁၇။ သန့်ရှင်းတဲ့ နား, အကြားများတယ်၊ ကြည်လင်တဲ့ မျက်စိ, အမြင် များတယ်၊ စင်ကြယ်တဲ့ စိတ်က အသိများတယ်။

၁၈။ လောကကြီးမှာ ဂုဏ်ရှိဖို့ထက် ရှိပြီးဂုဏ်ကို ထိန်းသိမ်းနိုင်ဖို့က ပိုခက်တယ်။

၁၉။ ကိုယ့်ကို ပတ်၀န်းကျင်က မချစ်ရင်တောင် မမုန်းကြဖို့က ပိုအရေးကြီးတယ်။

၂၀။ ကိုယ့်ကိုယ်ကို အထင်ကြီး, စိတ်ကြီး ၀င်နေလျင် သူတစ်ပါးကို အထင်သေးတာ သဘာ၀ပါပဲ၊ ဒါကို သတိထားစေချင်တယ်။

မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ
🙏🙏🙏🙏🙏🙏




( တချို့တွေက ရှေးကံအကျိုးပေးမသာအောင်
ယခုဘဝ အကုသိုလ်တွေက ပိတ်ပင်နေတာကို သတိမထားမိကြသေးဘူး )


BaMg ☯️


.
#credit
🔹🔸🔹🔸🔹🔸🔹

image