18 w - Translate

နည်းပြအန်စလော့တီ ရီးရဲလ်သမိုင်းတလျှောက် ဆုဖလားအများဆုံးရ နည်းပြဖြစ်လာ

ရီးရဲလ်မက်ဒရစ်နည်းပြ ကားလို့စ်အန်စလော့တီဟာ အသင်းသမိုင်းတလျှောက် ဆုဖလား အများဆုံး ရယူနိုင်တဲ့နည်းပြ ဖြစ်လာခဲ့ပါတယ်။

မနေ့ညက ကစားခဲ့တဲ့ ဖီဖာတိုက်ကြီးများဖလားပြိုင်ပွဲမှာ မက္ကဆီကိုကလပ် ပါချူကာအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ချန်ပီယံ ဆုဖလားရယူနိုင်ခဲ့တဲ့နောက်မှာ အသင်းသမိုင်းတလျှောက် ဆုဖလားအများဆုံးနည်းပြအဖြစ် မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့တာပါ။

အီတလီနည်းပြဟာ မက်ဒရစ်ကလပ်အတွက် ဆုဖလား ၁၅ လုံး ရယူပေးထားပြီး ၁၄ ကြိမ်ရရှိခဲ့တဲ့ နည်းပြဟောင်း မီဂွယ်မူနော့ဇ်ကို ပြတ်ပြတ်သားသား ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

အန်စလော့တီဟာ ကစားသမားတွေအပေါ် အမြဲတမ်းကူညီသူဖြစ်ပြီး မက်ဒရစ်အတွက် အရာအားလုံး ရယူပေးနိုင်ခဲ့သူဖြစ်တယ်လို့ ကွင်းလယ်လူ ဗယ်ဗာဒီက ချီးကျူးသွားပါတယ်။
DVB

image