အာဆီယံဥက္ကဋ္ဌ ၃ နိုင်ငံနဲ့ ထိုင်း ဦးဆောင်ပြီး မြန်မာ့အရေး ဒုတိယနေ့ ဆက်ဆွေးနွေးမယ်
ဒီဇင်ဘာ ၁၉
မြန်မာ့အရေး ၆ နိုင်ငံ အလွတ်သဘောဆွေးနွေးပွဲ ပထမနေ့ ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဒီကနေ့ ဒီဇင်ဘာ ၁၉ ရက် ကပြုလုပ်ခဲ့ပါတယ်။
ဒီကနေ့ ပထမနေ့ဆွေးနွေးပွဲမှာ မြန်မာနဲ့ ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်၊ထိုင်းနဲ့ လာအိုတို့က နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
ဘန်ကောက်ဆွေးနွေးပွဲမှာ နှစ်နိုင်ငံသီးခြားဆွေးနွေးမှုတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။
ဒီဇင်ဘာ ၂၀ ရက်မှာလည်း ဘန်ကောက်မှာ မြန်မာ့အရေးဆွေးနွေးပွဲ ဆက်ရှိနေပါတယ်။ ဒုတိယနေ့မှာတော့ မြန်မာ့အရေး ထိုင်းဦးဆောင်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဆက်ကျင်းပမှာဖြစ်ပါတယ်။ ဆွေးနွေးပွဲပထမနေ့ရလဒ်တွေနဲ့ဆွေးနွေးချက်တွေကို ဒုတိယနေ့အစည်းအဝေးကိုဆက်သယ်ပြီး ဆွေးနွေးကြဖို့ရှိနေပါတယ်။
အဲဒီဆွေးနွေးပွဲမှာ လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ လာအို၊ အရင်ဥက္ကဋ္ဌဟောင်း အင်ဒိုနီးရှားနဲ့ လာမယ့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌမလေးရှားနိုင်ငံတို့ပါဝင်ပြီး ထိုင်းနိုင်ငံကလည်း ထပ်တိုးနိုင်ငံအနေနဲ့ပါဝင် ဆွေးနွေးဖို့ ရှိပါတယ်။
ဒီကနေ့ အစည်းအဝေးက ဆွေးနွေးချက်တွေကို ဒီဇင်ဘာ ၂၀ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ဆက်ဆွေးနွေးမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
Credit - BBC
#သတင်းဟင်းလေးအိုးကြီး


