18 ပတ် - ဘာသာပြန်ပါ။

မွမ်ဘိုင်း၌ ဖယ်ရီသင်္ဘော အကြီးတစ်စင်း တိမ်းမှောက်

နူးဒေလီ၊ဒီဇင်ဘာ ၁၈

အိန္ဒိယနိုင်ငံမွမ်ဘိုင်းမြို့၌ လူ ၆၀ ခန့်လိုက်ပါလာသည့် ခရီးသည်တင် ကူးတို့သင်္ဘောတစ်စင်း ဒီဇင်ဘာ ၁၈ ရက်တွင် တိမ်းမှောက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ် ။

ထို့နောက် လက်ရှိအချိန်အထိ အသက်ရှင်ကျန်ရစ်သူ ၂၀ ဦးကို ကယ်ဆယ်ထားနိုင်ခဲ့ပြီး အိန္ဒိယကမ်းခြေစောင့်တပ်သင်္ဘော Subhadra Kumar Chauhan ဖြင့် ပြန်ခေါ်လာခဲ့ကြောင်း အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့ကိုကိုးကိုးကား၍ အိန္ဒိယသတင်းဌာန ANI ကဖော်ပြခဲ့သည်။

အာဏာပိုင်များကလည်း စုံစမ်းစစ်ဆေးမှုစုံစမ်းစစ်ဆေးမှုများစတင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရပြီး မွမ်ဘိုင်းရဲတပ်ဖွဲ့၊အိန္ဒိယ‌ရေတပ်နှင့်ကမ်း‌ခြေစောင့်တပ်တို့ပူး‌ပေါင်းကာ ကယ်ဆယ်ရေးလုပ်ငန်းများကိုလုပ်ဆောင်ခဲ့သည်ဟုလည်းသိရသည်။

image