ရန်ကင်း ၁၂ လုံးတန်းနားမှာ ရခိုင်သူ စစ်စစ် လာရောင်းတဲ့ ရခိုင်ပုစွန်ကင်နဲ့ ပင်လယ်စာဆိုင်လေး...♨️🦐
ပွင့်ထွက်ထိမိစပ်နေတဲ့ ရခိုင်စာကိုမှ တကယ့် ရခိုင်သူစစ်စစ်တွေလာချက်ရောင်းတဲ့ လက်သံထိထိမိမိ စားချင်ရင် ရန်ကင်း ၁၂ လုံးတန်းနားသာသွားလိုက်တော့...🥵
ရေချို ပုစွန်ကင်တွေ၊ ကြက်ရခိုင်သောက်ဆမ်းတွေ၊ ကင်းမွန်အကောင်ကြီးကင်တာတွေ သုပ်တာတွေနဲ့ ငပလီဘက်က ပင်လယ်စာ ဒေသစာတွေကို ငရုတ်သီး စပ်စပ်၊ အရသာ လေးလေးပင်ပင် နဲ့ ပွင့်ထွက်အောင် စားရမယ့် ဒီလိုဆိုင်မျိုးတွေ့မယ့်တွေ့တော့ အစားကောင်းပေါတဲ့ ရန်ကင်း မှာ တွေ့တာ...
ဆိုင်လေးက ရန်ကင်း ရန်ရှင်းလမ်းပေါ်က 808 Sandar ဆံပင်ညှပ်ဆိုင်ရှေ့ ဟိုဘက်ကားလမ်းမှာ ဖွင့်ထားတာ..
တကယ့် ရခိုင်ဒေသက ငပလီသူ စစ်စစ်လေး ဖွင့်ထားတဲ့ ချစ်စရာ ဆိုင်သေးသေးလေး။ စားပွဲဝိုင်းလေး ၃ ဝိုင်းပဲ ရှိတယ်။ နေ့လည် ၁ နာရီလောက်ကနေ ည ကုန်တဲ့ထိ ဖွင့်တယ်…
ဒါပေမယ့် တကယ့် ဒေသစာ အစစ်ကို စားရလို့လားမသိဘူး။ စဖွင့်တည်းက ဖုန်းဆက်ပါဆယ်မှာပြီး ဆိုင်ထိ လာယူကြတဲ့သူတွေရယ်၊ Panda Go ကနေ ဖုန်းဆက်မှာကြတဲ့သူတွေ အရမ်းများတယ်..
ဆိုင်တဆိုင်လုံးကိုလည်း သူတို့ ငပလီဒေသက အမျိုးသမီးကြီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ခုံလေးတွေကို ရခိုင်ပါတိတ်ဆင်လေးတွေနဲ့ အလှဆင်ထားတယ်။ နံရံမှာလည်း တကယ့် ပင်လယ်ဘက်က ခရုလေးတွေ၊ နံရံကပ် အလှဆင်အရုပ်လေးတွေ၊ ပင်လယ်ပန်းချီတွေနဲ့ သေးသေးလေးကို ချစ်စရာ ဖန်တီးထားတယ်။
ဒီဆိုင်မှာ ရတာတွေကတော့ အဓိကက ပင်လယ်စာ အကင် ချိုချိုလတ်လတ်တွေ၊ ပြီးတော့ ရခိုင်ဒေသစာတွေနဲ့ ရခိုင်မုန့်တီတွေ၊ ပင်လယ်စာသုပ်တွေပေါ့..♨️🌶️
ဒီဆိုင်သွားစားဖို့ မစားမဖြစ် ဘာတွေစားကောင်းလဲဆို -
ရေချိုပုစွန်ကင် ပွဲကြီး ၁၀ ကောင်လောက်ပါတာကိုမှ ၁၅,၀၀၀ ကျပ်။ ချိုပြီး လတ်လတ်ဆတ်ဆတ် ကင်တော့ မွှေးနေရော..
ကြက်သားသုပ်၊ ကြက်ခြေထောက်ရိုးသုပ်ကတော့ အစပ်မစားနိုင်ရင် လျှော့မှာ ။ တစ်ဇွန်းစားပြီးတာနဲ့ သူ့အစပ်က စွဲလွန်းလို့ ဇွန်းတောင်မချချင်ဘူး။ ပွင့်ထွက်နေအောင် ကို စပ်ပြီးကောင်းတာ။ သူဆို တစ်ပွဲမှ ၄၅၀၀ လောက်ကနေစတယ်..
ကြက်သောက်ဆမ်း မဖြစ်မနေစား။ မျှစ်ချဉ်နုနုလေးတွေနဲ့ ကြက်သားကအစ နူးအိနေတာ။ တစ်ပွဲကိုပွဲသေး ၅၅၀၀ ပွဲကြီး ၉၀၀၀ ကျပ်..
နောက်ပြီး တခြား ကင်းမွန်ကင်တွေ၊ ပြည်ကြီးငါးကင်၊ မုန်ညာထောပတ်ကင်တွေ အကုန်ရတယ်။ဈေးလည်း တန်တယ်။💕
ဒါတွေစားပြီး စပ်ရင် အုန်းကြာဆံ ချိုချို အေးအေးလေးသောက်ခဲ့။ တစ်ခွက်မှ ၃၅၀၀ တည်းနဲ့ အုန်းသီးနုဖတ်လေးတွေအများကြီးကို အုန်းရည် ချိုချိုလေးနဲ့ ဝမ်းအေးအောင် သောက်ရတယ်..
အဲ့ဆိုင်လေးက ဖွင့်တာမကြာသေးတော့ ကိုယ်တွေတောင် စားချင်တာ မနည်းရှာရတယ်။ ဒါပေမယ့် သူ့လက်ရာ တခါစားပြီးတည်းက ချဉ်တာ၊စပ်တာ ၊ထိနေတာမှ ကြိုက်တဲ့ကိုယ်တွေ လျှာနဲ့ ကွက်တိပဲ..😋
ဆိုင်ရှေ့မှာ ရန်ကင်းရဲ့ နာမည်ကြီး ကြက်ကင်ဆိုင်က တည့်တည့်ပဲ။ ပြန်ရင် အဲ့က တချောင်း ၂ ရာက စတဲ့ ကြက်ကင်နဲ့အကင်စုံတွေပါ ပါဆယ်ဝယ်စားခဲ့..
ဆိုင်လေးရဲ့ နာမည်က "Hometown memories " တဲ့။
☎️ Phone : 09268000430 / 09968515716
⏰ ဆိုင်ဖွင့်ချိန် : 120 PM - 70 PM
🏠 ၁၂ လုံးတန်း , ​ရန်ရှင်းလမ်းမ​​ပေါ် 808 Sandar ​နဲ့မျက်နှာချင်းဆိုင်၊ ရန်ကင်းမြို့နယ်။
#hometownmemories #ရခိုင်စာ #ပင်လယ်စာ #eatwithseng #foodreview #foodblog

#crd

imageimage
+7