ဒီဇင်ဘာအားလပ်ရက် ခရီးစဥ်တွေအတွက် ကမ်းခြေဒေသအပါအဝင် ကလော၊အင်းလေးနဲ့ ပုဂံဟိုတယ်အချို့ ဘိုကင်ပြည့်
ဒီဇင်ဘာ ၁၉
ဒီဇင်ဘာအားလပ်ရက်ခရီးစဥ်တွေအတွက် ကမ်းခြေဒေသ အပါအဝင် ကလော၊အင်းလေးနဲ့ ပုဂံဒေသဘက်တွေကို သွားလာဖို့ ဘိုကင်ရယူသူတွေများပြားနေပြီး တချို့သောဟိုတယ်တွေ ဘိုကင်ပြည့်နေပြီဖြစ်တယ်လို့ အဲဒီဒေသတွေမှာရှိကြတဲ့ ဒေသခံခရီး သွားဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတွေထံကနေ သိရပါတယ်။
"အခုဒီဇင်ဘာပိတ်ရက်အတွက် ပုဂံမှာ ဟိုတယ်ဘိုကင်ယူထားကြတဲ့သူတွေတော်တော်များများရှိနေပါတယ်၊တချို့ဟိုတယ်တွေဆိုအခန်းတွေပြည့်နေပြီပြောတယ်။ပုဂံဒေသဘက်ကို ခရီးသွားတွေလာကြပါတယ်။ပြီးခဲ့တဲ့ သီတင်းကျွတ်နဲ့ တန်ဆောင် တိုင်ပိတ်ရက်မှာလည်း ပုဂံကိုခရီးသွားတွေဝင်တာများတယ်။အခုဒီဇင်ဘာပိတ်ရက်အတွက် ဟိုတယ်၊တည်ခိုးခန်းတွေကိုမှာထားတာ ဘိုကင်တင်ထားတာတွေကပြည့်နေတယ်။ဒါပေမဲ့တဖွဲ့စ၊နှစ်ဖွဲ့စလောက်က ကြောက်ပြီးတော့မလာရဲဘူးဆိုပြီး ဟိုတယ်၊တည်းခိုခန်းတွေဘိုကင်တင်ထားတာကို Cancel လိုက်တာတွေတော့ရှိပေမယ့်၊အဲ့လို Cancel လုပ်တဲ့သူက အနည်းအကျင်းပါပဲ၊အခုပိတ်ရက်လည်းပုဂံမှာအတော်စည်မယ်ထင်ပါတယ်။စနေ၊တနင်္ဂနွေပိတ်ရက်တွေမှာလည်း ပုဂံဘက်ကိုပုံမှန်အတိုင်းလာလည်နေကြတဲ့ဧည့်သည်တွေရှိပါတယ်။တကယ်တမ်းကျ ဒီဘက်ဒေသတွေမှာ ဘာမှမဖြစ်ပါဘူး။နယ်မြေလည်းအေးချမ်းပါတယ်။သွားလာလို့လည်းရပါတယ်။မြို့အဝင်မှာမှတ်ပုံတင်စစ်တာတခုပဲရှိပါမယ်။ကျန်တာပုဂံမှာအေးအေး ဆေးဆေးပါပဲ။ခရီးသွားဧည့်သည်တွေစိတ် ချ၊လက်ချလာလည်လို့ရပါတယ်"လို့ ပုဂံ - ညောင်ဦးဒေသခံ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပါတယ်။
ဒါအပြင် မြန်မာနိုင်ငံအတွင်းက နာမည်ကျော်ထင်ရှားတဲ့ ခရီးသွားဒေသတခုဖြစ်တဲ့ ရှမ်းပြည်(တောင်ပိုင်း)ကလော ဘက်ကိုလည်း အခုဒီဇင်ဘာပိတ်ရက်ကာလအတွက် ဟိုတယ်ဘိုကင်ရယူထားကြတာတွေဟာ လာမယ့်နှစ်ဆန်း(၁)လပိုင်းအထိရှိနေပြီး အခုကာလမှာ ပြင်ဦးလွင်ထက် ကလောဘက်ကိုခရီးသွားဧည့်သည်တွေပိုဝင်လာကြတယ်လို့ ဒေသခံခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေက ဆက်ပြီး ပြောပြပါတယ်။
"ကလောဘက်ခရီးသွားတွေအဝင်များပါတယ်။ပြန်ဝင်လာကြပြီ၊ဒီမှာကပြည်တွင်းခရီးသွားအဖွဲ့တွေရှိသလို ပြည်ပခရီးသွားအဖွဲ့တွေကိုလည်းတွေ့ရတယ်။ပြီးခဲ့တဲ့လကဆို ကလောကိုလာတဲ့ နိုင်ငံခြာသားခရီးသွားဧည့်သည် ၆ ဖွဲ့၊ ၇ ဖွဲ့လောက်လာတာတွေ့ရ တယ်။အခုလမ်းတွေလည်းပြန်ဖွင့်ပြီ၊ နယ်မြေလည်း အေးချမ်းတယ်၊တည်ငြိမ်ပါတယ်။ ဘာပြဿနာမှမရှိပါဘူး။အခုပြင်ဦးလွင်ထက် ကလောမြို့ကို "လို့ ကလောဒေသခံ ခရီးသွားဧည့်လမ်းညွှန်တယောက်က ပြောပါတယ်။
ဒါအပြင် အွန်လိုင်းနဲ့ Facebook ပေါ်မှာ ရေးသားနေကြတဲ့ လမ်းခရီးအခြေနေမကောင်းဘူးဆိုတဲ့ ကိစ္စတွေဟာလည်းမဟုတ်မှန်ဘဲ ဒါကခရီးသွားတွေကို ခြောက်လှန့်တဲ့ Fake News တွေသာဖြစ်တယ်လို့ ကလောဒေသခံ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။
ကလောကို လာရောက်လည်ပတ်မယ်ဆိုပါက ဒေသခံ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေနဲ့ ဧည့်လမ်းညွှန်တွေထံကို ကြိုတင်ဖုန်းဆက်ပြီးတော့ နယ်မြေဒေသအခြေအနေနဲ့ လမ်းပန်းဆက်သွယ်ရေးအခြေအနေတွေကို အချိန်မရွေး ဆက်သွယ်မေးမြန်းစုံစမ်းနိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
"ကျွန်တော်တို့က လိုင်းပေါ်မှာ ကြော်ငြာတင်ရင် ခရီးသွားတွေက ဟိုတယ်ကြော်ငြာ၊ ကားကြော်ငြာအဲ့လိုပဲထင်ကြတယ်၊တကယ်ကမဟုတ်ပါဘူး၊ဒီဘက်ဒေသမှာရှိတဲ့ အခြေအနေတွေအကြောင်းကို ကျွန်တော်တို့ကိုကြိုတင်မေးမြန်းလို့ရပါတယ်၊စုံစမ်းလို့ရပါ တယ်၊အားနာဖို့မလိုပါဘူး"လို့ ကလောဒေသခံ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူ တယောက်က ထပ်လောင်းပြောပြပါတယ်။
အဲဒါအပြင် မြန်မာနိုင်ငံရဲ့ခရီးသွားလုပ် ငန်းတွေဟာ အဓိကအားဖြင့် ယဉ်ကျေးမှုနဲ့ သဘာဝကို အခြေခံတဲ့ခရီးသွားလုပ်ငန်းတွေပဲဖြစ်ပါတယ်။ခရီးသွားလုပ်ငန်းအေဂျင်စီတွေရဲ့မှတ်တမ်းတွေအရ ယခုနှစ်ပိုင်းတွေအတွင်းမှာ ပြည် တွင်းခရီးသွားအများစုဟာ သွားလာရခက်ခဲတဲ့ဝေးလံခေါင်ဖျားဒေသတွေထက် ပင်လယ် ကမ်းခြေဒေသတွေဖြစ်တဲ့ ချောင်းသာ၊ ငွေဆောင်၊ပုဂံ-ညောင်ဦးဒေသ၊မန္တလေး အပါအဝင် တောင်ကြီး၊အင်းလေးနဲ့ ကလောဘက်တွေကိုသာအသွားအလာအများဆုံးရှိနေတာဖြစ်တယ်လို့ သိရပါတယ်။
"အခုပြီးခဲ့တဲ့ သီတင်းကျွတ်ကာလနဲ့ တန်ဆောင်တိုင်ပိတ်ရက်ကာလမှာဆို ခရီးသွားတွေက ချောင်းသာသွားတယ်၊ငွေဆောင်သွားကြတယ်၊ပုဂံကတော့အများဆုံးသွားကြတယ်။တောင်ကြီးတန်ဆောင်တိုင်သွားကြတယ်။နောက်မန္တလေးဘက်သွားတယ်။ကျိုက်ထီးရိုးတောင်ဒီလောက်မဟုတ်ဘူး။ကျိုက်ထီးရိုးဘက်သွားတာသိပ်မတွေ့ရဘူး။အဓိကပြောရရင် ချောင်းသာ၊ငွေဆောင်နဲ့ ပုဂံဘက်တွေကို ခရီးသွားတာတွေအရမ်းများပါတယ်။အခုဒီဇင်ဘာပိတ်ရက်တွေအတွက်ကားလက်မှတ်တော်တော်များများရောင်းချထားရပါတယ်၊ဒီဇင်ဘာပိတ်ရက်လည်းခရီးသွားများနိုင်ချေရှိပါတယ်"လို့ ရန်ကုန်မြို့အခြေစိုက် ခရီးသွားဝန်ဆောင် မှုလုပ်ငန်း လုပ်ကိုင်သူတယောက်က ထပ်မံပြောပြခဲ့ပါတယ်။
အလားတူ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ပင်လယ်ကမ်းခြေဒေသဖြစ်တဲ့ ချောင်းသာ၊ငွေဆောင်၊ရွှေသောင်ယံကမ်းခြေနဲ့ Sea & Lake ကမ်းခြေတွေကို ပြည်တွင်းခရီးသွားဝင်ရောက်သွားလာမှုတွေအများဆုံးရှိနေတာဖြစ်တယ်လို့ သိရပါတယ်။
Photo - CJ
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး

