18 w - Translate

🌟တစ်ပတ်တာသင်္ချာဗေဒဟောကိန်း🌟

(၁)ဂဏန်းသမားများ ( ၁၊ ၁၀၊ ၁၉၊ ၂၈ ရက်မွေးသူများ)
စီးပွားရေး နှင့်ငွေကြေးအခြေအနေအသင့်အတင့်ရှိပြီးဝင်ငွေနဲ့ထွက်ငွေညီမျှနေပါလိမ့်မည်။ပညာရေးတွင်လမ်းပျောက်နေတတ်သော်လည်းအတွေအမြင်အသစ်များရရှိနိုင်ပြီးမိမိနှင့်သင့်တော်သောလမ်းကြောင်းသစ်ပေါ်လာပါလိမ့်မည်။ကျန်းမာရေး အနေဖြင့်ကိုယ်လက်ကိုက်ခဲနာကျဥ်ခြင်းအရိုးအဆစ်များကိုက်ခဲခြင်းကိုသတိပြုသင့်ပါတယ်။အချစ်ရေးနှင့်ပါတ်သက်၍စိတ်အလိုမကျဖြစ်တတ်ပြီးအချင်းချင်းပြိုင်ဆိုင်တင်းမာမှုများဖြစ်တတ်သောကြောင့်မိမိ၏စိတ်ခံစားချက်နှင့်ဦးနှောက်ကိုမျှတစွာတွေးခေါ်သင့်ပါတယ်။

(၂) ဂဏန်းသမားများ ( ၂၊ ၁၁၊ ၂၀၊ ၂၉) ရက်မွေးသူများ
စီးပွားရေး နှင့်ငွေကြေးတွင်မိမိ၏ဝင်ငွေထွက်ငွေကိုထိန်းညှိစီမံနိုင်ပါကပို၍အဆင်ပြေပါလိမ့်မည်။ပညာရေးတွင်ကံဇာတာကောင်းမွန်ပြီးတီထွင်ဆန်းသစ်မှုများပြုလုပ်သင့်သောကာလဖြစ်ပါတယ်။ကျန်းမာရေး အနေနဲ့ခါးအောက်ပိုင်းဆိုင်ရာဝေဒနာများသတိထားဖို့လိုပါတယ်။အချစ်ရေးတွင်ကံအသင့်အတင့်ရှိပြီးမိမိမာနကြောင့်နာလည်မှုလွဲနိုင်ခြင်းကိုသတိပြုရပါမည်။
 
(၃) ဂဏန်းသမားများ ( ၃၊ ၁၂၊ ၂၁၊ ၃၀) ရက်မွေးသူများ
စီးပွားရေးအနေဖြင့်စီးပွားရေးနှင့်ငွေကြေးအခက်အခဲများစတင်ပြေလည်လာပါလိမ်မည်။ပညာရေးကံအထူးကောင်းမွန်သောကာလဖြစ်သဖြင့်ပညာသစ်များဆည်းပူးသင့်သောကာလဖြစ်သည်။ကျန်းမာရေး တွင်ခါးအထက်ပိုင်းနှင့်မျက်စိအမြင်ဆိုင်ရာကိုပိုသတိထားသင့်ပါသညိ။အချစ်ရေးတွင်တစ်ဖက်၏လွှမ်းမိုးမှုကိုခံရတတ်သောကြောင့်သူဘက်ကိုယ့်ဘက်အပြောအဆိုဆင်ခြင်သင့်ပါသည်။

(၄)ဂဏန်းသမားများ  (၄၊ ၁၃၊ ၂၂၊ ၃၁) ရက်မွေးသူများ
စီးပွားရေး နှင့်ငွေကြေးပိုင်းတွင်ကြပ်တည်းနေနိုင်သော်လည်းကာလတိုသာဖြစ်၍ပြေလည်လာပါလိမ့်မယ်။ပညာရေးပိုင်းတွင်အသင့်အတင့်ရှိပြီးစိတ်အာရုံစူးစိုက်မှုအားနဲနေတတ်ပါတယ်။ကျန်းမာရေး အနေဖြင့်စိတ်နှင့်ဦးခေါင်းပိုင်းဆိုင်ရာများကိုအထူးသတိထားရပါမယ်။ သွေးအားနဲခြင်းကိုလဲသတိထားရန်လိုအပ်ပါတယ်။အချစ် ရေးကံအနေနဲ့အနှောက်အယှက်များပြီးစိတ်ခံစားလွယ်နေတတ်ပါတယ်။အချင်းချင်း ပြောဆိုဆက်ဆံရာတွင်သတိထား၍ပြောဆိုရန်လိုပါလိမ့်မယ်။


(၅) ဂဏန်းသမားများ (၅၊ ၁၄၊ ၂၃) ရက်မွေးသူများ
  စီးပွားရေး နှင့်ငွေကြေးအသင့်အတင်ရှိပြီးပုံမှန်ဝင်ငွေများရရှိပါလိမ့်မည်။ပညာရေးတွင်မိမိလျှောက်သောလမ်းနှင့်မိမိဝါသနာကိုက်ညီမှုမရှိဖြစ်တတ်ပါသည်။ကျန်းမာရေး ကောင်းမွန်ပြီးစိတ်ခံစားခိက်နှင့်အာရုံကြောပိုင်းဆိုင်ရာကိုသတိပြုသင့်ပါသည်။အချစ်ရေးကံအသင့်အတင့်ရှိပြီးကာလတိုပျော်ရွှင်မှုမျိုးခံစားရပါလိမ့်မည်။စိတ်အတက်အကျများသောကြောင့်မိမိဆုံးဖြတ်ချက်များကိုသတိပြုရန်လိုအပ်ပါသည်။
 

(၆) ဂဏန်းသမားများ ( ၆၊ ၁၅၊ ၂၄) ရက်မွေးသူများ
စီးပွားရေး နှင့်ငွေကြေးကံကောင်းမွန်သော်လည်းလိမ်လည်လှည့်ဖြားမှုခံရခြင်း ဆုံးဖြတ်ချက်မှားခြင်းစသည်တို့နှင့်ပါတ်သက်၍သတိထားရန်လိုပါလိမ့်မယ်။ပညာရေးပိုင်းတွင်မိမိလျှောက်နေသောလမ်းနှင့်မိမိအတွက်သင့်တော်သောလမ်းကိုက်ညီမှုမရှိဖြစ်တတ်ပါတယ်။ကျန်းမာရေး ကံကောင်းမွန်ပြီးစိတ်ခံစားချက်နှင့်အာရုံကြောပိုင်းဆိုင်ရာရောဂါများသတိပြုရပါမယ်။အချစ်ရေးမှာသင့်တင့်သောကံရှိသော်လည်းမိမိ၏စိတ်လိုက်မာန်ပါပြောဆိုခြင်းတဇွတ်ထိုးဆန်ခြင်းတို့ကြောင့်မဖြစ်သင့်သောပြသနာများကြုံလာရတတ်ပါတယ်။

(၇) ဂဏန်းသမားများ(၇၊ ၁၆ ၊ ၂၅) ရက်မွေးသူများ
စီးပွားရေး ကံ အသင့်အတင့်ကောင်းမွန်ပြီးမိမိလုပ်ငန်းနှင့်ဆိုင်သော  သို့  ငွေကြေးနှင့်ပါတ်သက်ပြီး စကားပြောရတတ်ပါတယ်။မိမိရရှိသောဝင်ငွေထက်လုပ်အားပိုရပါလိမ့်မယ်။ပညာရေးတွင်အပြိုင်အဆိုင်ရှိတတ်ပြီးတွေးခေါ်မှုမှားယွင်းခြင်းကဲ့သို့သောအခက်အခဲများကြုံတွေ့ရနိုင်ပါတယ်။ကျန်းမာရေး အနေနဲ့ခါးအထက်ပိုင်းနှင့်အာရုံကြောဆိုင်ရာရောဂါများသတိပြုရပါမယ်။အချစ်ရေးတွင် ပြိုင်ဆိုင်သူများပြီးမထင်မှတ်ထားသောအကြောင်းအရာငယ်များနှင့်ပါတ်သက်၍ငြင်းခုန်ရတတ်ပါတယ်။
 

(၈) ဂဏန်းသမားများ ( ၈၊ ၁၇ ၊ ၂၆) ရက်မွေးသူများ
စီးပွားရေး နှင့်ငွေကြေးကံသင့်တင့်သော်လည်းမိမိ၏ဝင်ငွေထွက်ငွေကိုထိန်းညှိရန်လိုအပ်ပါတယ်။ပညာရေးတွင်မိမိစိတ်ပါသောလမ်းကြောင်းများကိုဦးစားပေးသင့်သောကာလဖြစ်ပါတယ်။ကျန်းမာရေး အနေဖြင့်ကောင်းမွန်ပြီးအရိုးအဆစ်နှင့်ဆိုင်ရာရောဂါများသတိပြုသင့်ပါတယ်။အချစ်ရေးတွင်အချင်းချင်းသူ့ဘက်ကိုယ့်ဘက်တွေးပေးတတ်ပါကအဆင်ပြေပါလိမ့်မယ်။

(၉) ဂဏန်းသမားများ(၉၊ ၁၈၊ ၂၇) ရက်မွေးသူများ
ဒီရာသီဖွားများအနေနဲ့လတ်တလောတွင်တဇွတ်ထိုးဆန်နေတတ်သောကြောင့်အမှားများတတ်ပါတယ်။စီးပွားရေး ကံ အသင့်အတင့်ကောင်းမွန်ပါတယ်။ပညာရေးတွင် အ‌‌တွေးအမြင်သစ်အကြံအစည်သစ်‌များ ရရှိပြီးအဆင်ပြေကောင်းမွန်ပါလိမ့်မယ်။ ကျန်းမာရေး အနေနဲကြီးကြီးမားမားရောဂါမရှိပါ။အချစ်ရေးတွင် ပြိုင်ဆိုင်သူများပြီးရွေးချယ်စရာများနေပါလိမ့်မယ်။


#tarotqueen