ငါးသလောက်နေလှမ်းချက်
.......................

ငါးသလောက်လေးတွေ ပေါပေါဝယ်လို့ရတဲ့အချိန်ဆို ငါးသလောက်ရေကျိုလေး ချက်စား။ ငါးပိ၊ တို့စရာလေးနဲ့ လိုက် ဖက်လွန်းတာကြောင့် အမြဲစွဲလမ်း နှစ်သက်ခဲ့ရတဲ့ ဟင်းအတွဲအစပ် ဖြစ်ပါတယ်။ တလောက သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်ကိုသွား တော့ စကားစပ်မိရင်း အဲဒီဟင်းချက်နည်းလေး ရလာခဲ့ပါတယ်။ ကိုယ်တိုင် စမ်းသပ်ချက်ကြည့်ရင်း စာဖတ်သူများကို ပြန်လည်မျှဝေ ပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ငါးသလောက် - ၁ ကောင်
အကြေးထိုးသန့်စင်ပြီး အလယ်မှ ထက်ခြမ်းခွဲပါ။ အတုံးငယ်များတုံး၊ ဆားနယ်ပြီး တစ်နေပြထားပါ။
- ဆီ - အနည်းငယ်
- နနွင်းမှုန့် - အနည်းငယ်
- နုပ်နုပ်စဉ်းပြီး စပါးလင်အတွင်းသားနုနု - ၁ ချောင်း
- ထောင်းပြီး ကြက်သွန်ဖြူ - ၃ မြွှာ
- ထောင်းပြီး ကြက်သွန်နီ - ၂ ဥ
- နွမ်းအောင်လှော်ထားပြီး ငရုတ်သီးစိမ်း - ၁၀ တောင့်
- ငရုတ်ကောင်းမှုန့် - အနည်းငယ်
- နံနံပင် - ၃ ပင်
ပြုလုပ်နည်းအဆင့်ဆင့်
၁။ ဆီအိုးကို အပူပေးပြီး နနွင်းမှုန့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ တို့ကို နွမ်းလာအောင် ဆီသတ်ပါ။
၂။ ငါးတုံးများထည့်ပြီး အသားမာလာအောင် မွှေပေးပါ။
၃။ ရေနွေးထည့်ကာ ငရုတ်ကောင်းနှင့် ငရုတ်သီးများခတ်ပြီး အဖုံးအုပ်၊ မီးလျှော့ပြီး တည်ထားပါ။
၄။ ရေစပ်စပ်ကျန်လျှင် ပါးပါးလှီးပြီးသား နံနံပင်များခပ်ပေးပြီး အဆုံးသတ်နိုင်ပါပြီ။
မှတ်ချက် - ဆားလုံးဝမသုံးပါ။
