26 w - Translate

ဖိနပ်မပါပေမဲ့ ရွှေတံဆိပ် ၃ ဆု ယူခဲ့တဲ့ ကျောင်းသူလေးက ပေးသောသင်ခန်းစာ

ဖိလစ်ပိုင်မှာ ဒေသတွင်း ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲလုပ်တော့ အသက် ၁၁ နှစ်အရွယ် ကျောင်းသူလေး ရီယာဘူးလော့စ်က မီတာ ၄၀၀၊ မီတာ ၈၀၀၊ မီတာ ၁၅၀၀ ပြိုင်ပွဲတွေမှာ ရွှေတံဆိပ် ၃ ဆု ဆွတ်ခူးသွားတယ်။ တခြားပြိုင်ပွဲဝင်တွေက အပြေးဖိနပ်ကိုယ်စီနဲ့ ပြိုင်ပွဲဝင်ချိန်မှာ မပြည့်စုံသူလေး ရီယာဘူးလော့စ်က ခြေထောက်ကို ပတ်တီးစည်းပြီး အပြေးဖိနပ်မပါဘဲ ပြိုင်ပွဲဝင်ရင်း ရွှေ ၃ ဆု ရသွားတာဆိုတော့ သူ့သတင်းက ဟိုးလေးတကျော်ကျော် ဖြစ်သွားတယ်။

သူ့ပြိုင်ဘက်တွေမှာ အပြေးဖိနပ်ရှိပြီး သူ့မှာ အပြေးဖိနပ်မရှိတာကို ရီယာက အာရုံမစိုက်ခဲ့ဘူး။ တခြားသူတွေ ဘယ်လိုကဲ့ရဲ့၊ ဝေဖန်ကြမလဲဆိုတာကိုလည်း သူ ဂရုမစိုက်ခဲ့ဘူး။ သူ့ရဲ့အစွမ်းအစကို ထုတ်ပြဖို့ သူ ရနိုင်တဲ့အရာတွေကိုပဲ အသုံးပြုပြီး အခွင့်အရေး တံခါးပေါက်တွေကို ဆွဲဖွင့်နိုင်ခဲ့တယ်။

တခြားသူတွေမှာ ဘာတွေ ရှိတယ်၊ ဘယ်လို လုပ်နေလဲဆိုတာကို မေ့ထားလိုက်ပါ။ သင့်မှာ အောင်မြင်မှု ဆွတ်ခူးဖို့ လုံလောက်တဲ့အရာတွေ ပိုင်ဆိုင်ထားတာ မေ့မထားပါနဲ့။ သင့်မှာရှိတဲ့ အရာတွေနဲ့ပဲ စတင်လိုက်ပါ။

Ref: Rhea Bullos, an 11-year-old track athlete from the Philippines

image