Part-(1)
ကဗျာဆရာ မောင်သိင်္ဂါ
ကဗျာဆရာ မောင်သိင်္ဂါဆိုတာ ခုအခါမှာ သူနဲ့ ခေတ်ပြိုင်ရေးဘက် ကဗျာ ဆရာများကလွဲလို့ သိတဲ့လူရှိမယ်မထင်ပါ။ သူကလည်း ဒီကလောင်နာမည်ကြီးဟာ ပါဠိဆန်၊ ရှေးဆန်လို့လားမသိ၊ ဆက်မသုံးတော့ဘဲ သူ့နာမည်ရင်းနဲ့သာ ရေးနေပါ တော့တယ်။
ကျွန်တော်တို့တစ်တွေ- ကြည်အောင်၊ မောင်မိုးသူ၊ လေးမောင်(မြင်းခြံ)တို့ တက္ကသိုလ်ရောက်တာက ၁၉၅၆ ခုနှစ်ပါ။ အဲဒီနှစ်မှာ မောင်သိင်္ဂါ၊ မောင်ပေါက် စည်၊ မောင်အောင်သျှန်၊ တက္ကသိုလ်နွယ်ထွန်း၊ ဘုတလင်ချစ်လေး၊ တက္ကသိုလ် မောင်ထွန်းဝေတို့က နာမည်ရစ ကဗျာဆရာတွေပါ။ ကျွန်တော်တို့က ကလောင် နာမည်တောင် မရှိသေးပါ။ ကိုဘဂျမ်း(တင်မိုး)ဆိုတာ ၁၉၅၇-၅၈ ကျမှ တက္ကသိုလ် ရောက်တာ။ ကျွန်တော်တို့ တက္ကသိုလ်ရောက်တော့ အထူးသဖြင့် မောင်သိင်္ဂါနဲ့ မောင်ပေါက်စည်တို့က နံရံကပ်စာစောင်တွေနဲ့ တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းတွေမှာ လေးချိုး၊ သံချိုကဗျာမျိုးတွေနဲ့ ရေးနေကြပါပြီ။ ကြည်အေးရဲ့ လေးချိုးကဗျာသံတွေ ရဲ့ လေသံနဲ့ တူသလိုပါပဲ။
ကျွန်တော်မှတ်မိတာက မောင်သိင်္ဂါရဲ့ ကဗျာမှာ-
လက်ကလေး တကက
အရက်ကလေး တမြမြ
ကြက်ကလေး တမွမွနဲ့
---------------------
သဲတွေ ခဲတွေ လျှံတဲ့
ဘဲငွေစံ ချောင်းငွေရိပ်မှာလ
ပုန်းအိပ်မယ်လေး...။ ဆိုတာကလေးတွေကို မှတ်မိပါတယ်။ နောက်တစ်ပုဒ်ကတော့ ဘဝသရုပ်ဖော်၊ နိုင်ငံရေးဆန်လာသလိုပဲ။
ဤအကလေး
ဆင်းသွေးနုဖပ်
အဝတ်
မြင်ဖွယ်မကောင်း
ကျောင်း
မသွားနိုင်
ဝမ်းစာကိုယ်တိုင် ကျောင်းနေရရှာ၏
စသည်ဖြင့် ပုံစံမျိုးနဲ့ အတွေးရော အရေးပါ ခေတ်ဆန်လာပါတယ်။ နောက်တစ်ပုဒ်ကတော့ ပိုပြီးနိုင်ငံရေးဆန်လာပါတယ်။ အဲဒီကဗျာကတော့ ကျွန်တော့်ဆီမှာ အပြည့်အစုံရှိလို့ အပြည့်အစုံပဲ ဖော်ပြလိုက်ပါမယ်။ ဒီကဗျာပြီးတေ နောက်ထပ်ကဗျာရေးတာ မတွေ့ ရတော့ပါဘူး။ အင်္ဂလိပ်ကဗျာတွေကိုပဲ ဘာသ ပြန်နေရတာများပါတယ်။ သူ့သူငယ်ချင်း တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရလို့ စတဲ့ ကဗျာဆရာများက သူတို ့ အင်္ဂလိပ်လိုမကျွမ်းတော့ သူတို ့ သူငယ်ချင် အစ်ကိုကြီးကိုပဲ ဘာသာပြန်ပေးဖို့ ပူဆာကြလွန်းလို့ သူက ဘာသာပြန်ဆရ ဖြစ်သွားရတာပါ။ ဘာသာပြန်တော့ နာမည်ရင်း မောင်သာနိုးအမည်နဲ့ပဲ ပြန်ပါတယ် သူငယ်ချင်းတွေရဲ့ ကဗျာတွေကို အင်္ဂလိပ်လို ပြန်ရေးရတာကိုက မနည်းလှဘူ ကဗျာတွေသာမက ကဗျာသဘောတရားစာအုပ်တွေပါ ဘာသာပြန်ပေးသေးတ တင်မိုးပူဆာလို့ ဂျော့သွမ်ဆင်ရဲ့ "မက်စ်ဝါဒနှင့်ကဗျာ”ကို “ကဗျာသဘောတရ ဆိုပြီး ဘာသာပြန်တယ်။ ဆာအက်ဒွင်အန်းလ်ဒ်ရဲ့ “အာရှတိုက်ရဲ့ အလင်းရောင်” ဘာသာပြန်တယ်။ ကဗျာကို တစ်အုပ်လုံး ပြန်ပေးရတာက ကြည်အောင် ပူဆာလို့ ပြန်ရတာ။ အိုမာရ်ခိုက်ယမ်းရဲ့ ရူဘိုက်ယတ်ကဗျာကို ဘာသာပြန်ပေးရသေးတယ်။ နောက်တော့ အနောက်နိုင်ငံကဗျာစုံနဲ့ အရှေ့နိုင်ငံကဗျာစုံတွေ ဘာသာပြန်ရတာက မဆုံးနိုင်တော့ဘူး။ နှစ်ပေါင်း ၅ဝ လောက်ကြာတဲ့ ကာလအတွင်း လက်လေးလုံး လောက်ထူတဲ့ အရှေ့အနောက်ကဗျာစုံ ဘာသာပြန် ထုတ်ဝေနိုင်ခဲ့ပြီဖြစ်ပါတယ်။ မြန်မာပြည်အဖို့က ဘာသာပြန်တာဟာ အလွန်အကျိုးရှိပါတယ်။ စာပေဗိမာန်ဆိုတာ အစိုးရရဲ့ဘာသာပြန်ဌာန။ ကဗျာဘာသာပြန်မပါဘူး။ ကဗျာဘာသာပြန်ဆုလည်း မရှိဘူး။ ရှိရင် ဆရာနိုး ဆုရတာကြာလှရော့မယ်။ ဘာပဲဖြစ်ဖြစ် အင်္ဂလိပ်လို မဖတ်နိုင်သူများတဲ့ မြန်မာပြည်က လူငယ်ကဗျာသမားများအတွက် အထူးလိုအပ် တာက ကဗျာဘာသာပြန်ပဲ ဖြစ်ပါတယ်။ တကယ်လည်း အကျိုးရှိပါတယ်။ ကဲ စောစောကဖော်ပြခဲ့တဲ့အတိုင်း မောင်သိင်္ဂါရဲ့ မလင်းပြာ ကဗျာကို တစ်ပုဒ်လုံး တင်ပြလိုက်ပါတယ်။ မူလကလောင်နာမည်ပါ ဘာသာပြန်ရင်တော့ မောင်သိင်္ဂါ ဆိုတာ မောင်ရွှေပေါ့နော်။ (မသိင်္ဂီဆိုရင်တော့ မရွှေပေါ့)။

#ဆက်ရန်ရှိ