အသဲရောင် (C) ပိုးရှိသူများအတွက် နိုင်ငံတော်စရိတ်ဖြင့် ဆေးဝါးများ ထောက်ပံ့ပေးအပ်မည်
အသဲခြောက် အသဲကင်ဆာရောဂါဖြစ်စေသည့် အသဲရောင် (C)ပိုးရှိသူများအတွက် နိုင်ငံတော်စရိတ်ဖြင့် ဆေးဝါးများပေးအပ်သွားမည်ဖြစ်ကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူ့ကျန်း မာရေးဦးစီးဌာနက အသိပေးထားသည်။
ပြီးခဲ့သည့်နှစ်အတွင်း လူဦးရေ(၅၀၀)ကျော်ကို စစ်ဆေးပေးရာ၌ စီပိုးရောဂါရှိသူ(၈)ဦးတွေ့ရှိခဲ့ပြီး ၎င်းတို့အတွက် ဆေးဝါးများ ထောက်ပံ့ပေးအပ်သွားရန်စီစဉ်လျှက်ရှိကြောင်း သိရသည်။
ထို့ပြင် မြို့နယ်ကျန်းမာရေး ဦးစီးဌာန၏ စာရင်းတွင် မပါဝင်သူများ ရောဂါပိုးရှိပြီး ၊ ဆေးသောက်ရန်အခက်အခဲရှိပါက ဒီဇင်ဘာ (၁၇)ရက် နောက်ဆုံးထားစာရင်းလာရောက် ပေးသွင်းနိုင်ကြောင်း အသိပေးထားသည်။