နျူ၊ ဇီဝနဲ့ ဓာတုလက်နက်ရန် ကာကွယ်ရေးတပ်ခေါင်းဆောင် ရုရှား ဒုဗိုလ်ချုပ်ကြီး မော်စကို ပေါက်ကွဲမှုမှာ သေဆုံး

ဒီဇင်ဘာ ၁၇

ရုရှားနိုင်ငံ နျူကလီးယား၊ ဇီဝနဲ့ ဓာတုလက်နက်ရန်ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး အစ်ဂေါ ခစ်ရစ်လော့ဗ်ဟာ မော်စကိုမြို့မှာဖြစ်တဲ့ပေါက်ကွဲမှုအတွင်းသေဆုံးသွားပါတယ်။

ခစ်ရစ်လော့ဗ်နဲ့ သူ့ လက်ထောက်ဟာ ဒေသစံတော်ချိန် ဒီဇင်ဘာ ၁၇ ရက်၊ အင်္ဂါနေ့ မနက်ပိုင်းမှာ တိုက်ခန်းတွဲကနေ ထွက်လာချိန် စကူတာ အောက်မှာ ထောင်ထားတဲ့ ဗုံးကွဲလို့ သေဆုံးခဲ့တာဖြစ်ပါတယ်။

ပေါက်ကွဲမှုဟာ မော်စကိုမြို့ အရှေ့တောင်ပိုင်း၊ ကရင်မလင် နန်းတော်အရှေ့ဘက်ကနေဆိုရင် ၄ မိုင်လောက်မှာ ဖြစ်ပွားခဲ့တာပါ။

#centralnewsnaypyitaw

image