ပေါ်တိုနှင့် အိုလံပီယာကော့စ်နည်းပြဟောင်း ပါရဲယားကို ဝုဗ်အသင်း ခေါ်ယူခန့်အပ်မည်
ဝုဗ်အသင်းဟာ နည်းပြအိုနေးလ်ကိုထုတ်ပယ်လိုက်ပြီးနောက် ပေါ်တိုနဲ့ အိုလံပီယာကော့စ် နည်းပြဟောင်း ဗစ်တာပါရဲယားကို ခေါ်ယူခန့်အပ်သွားမယ်လို့ သိရပါတယ်။
တန်းတက် အစ်ဆွစ်နဲ့ပွဲမှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်မှာ အဆင့် ၁၉ အထိ ကျဆင်းသွားခဲ့တာကြောင့် နည်းပြ ဂယ်ရီအိုနေးလ်ကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဆော်ဒီကလပ် အယ်လ်ရှာဘက်အသင်းကို ကိုင်တွယ်နေတဲ့ နည်းပြ ပါရဲယားဟာ ဘရာဇီးကလပ်တွေ ဖြစ်တဲ့ ဖလာမင်ဂို၊ ကိုရင်သီယန် အသင်းတွေအပါအဝင် ဖီနာဘာချီ၊ ရှန်ဟိုင်းပေါ့ အစရှိတဲ့အသင်းတွေကိုလည်း တာဝန်ယူခဲ့ဖူးပါတယ်။
အသက် ၅၆ နှစ်ရှိ ပေါ်တူဂီ နည်းပြ ဗစ်တာပါရဲယားဟာ ပေါ်တူဂီကလပ် ပေါ်တိုနဲ့ ဂရိကလပ် အိုလံပီယာကော့စ်အသင်းတွေမှာ အမှတ်ပေးချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။
DVB
