ကမ္ဘာ့အရှည်ဆုံး ဟိုက်ဘရစ် လေသင်္ဘော Airlander 10
Airlander 10 သည် ထူးခြားသော ပုံသဏ္ဍာန်ကြောင့် "Flying Bum" ဟုလည်း ခေါ်ဆိုကြကာ ထူးခြားသော ဗြိတိန်ထုတ်လေယာဉ်ဖြစ်သည်။
အဆိုပါယာဉ်ကို ဒီဇိုင်းရေးဆွဲတည်ဆောက်ရန် ဒေါ်လာ သန်း ၁၀၀ (ပေါင်သန်း ၆၀ ခန့်) ကုန်ကျခဲ့ပြီး ၂၀၂၈ ခုနှစ်တွင် ပထမဆုံးဝန်ဆောင်မှုစတင်ရန်စီစဉ်ထားကြောင်းဆိုပါသည်။
UK ၏မြို့ပြလေကြောင်းအာဏာပိုင် (CAA) မှအသိအမှတ်ပြုထားသော Airlander 10 သည် ၃၀၂ ပေ( ၉၂ မီတာ) ရှည်လျားပြီး အလေးချိန် ၁၀ တန်ထိ တင်ဆောင်နိုင်ပါသည်။ ဟိုက်ဘရစ်လေယာဉ်အမျိုးအစားဖြစ်သောကြောင့် ဒီဇယ်အင်ဂျင်ဖြင့်မောင်းနှင်နိုင်ရန် ပန်ကာ ၄ လုံးတပ်ဆင်ထားသလို
ဟီလီယမ်ဓာတ်ငွေ့ဖြင့် လေခွင်းအားအသုံးပြုကာ မောင်းနှင်နိုင်ပါသည်။
၂၀၁၇ ခုနှစ် သုံးနာရီခန့်ကြာမြင့်သည့် စမ်းသပ်ပျံသန်းမှုအတွင်း လေသင်္ဘောသည် ၃၅၀၀ ပေ (၁၀၆၇ မီတာ) သို့ ရောက်ရှိခဲ့သည်။ ၎င်း စမ်းသပ်ပျံသန်းမှုသည် "အလွန်အောင်မြင်သော ပျံသန်းမှု" ဖြစ်သည်ဟု ဆိုကြသည်။
Airlander 10 သည် အမြင့်ဆုံးအမြန်နှုန်း 130kph ရှိပြီး လေထဲတွင် ငါးရက်အထိ ပျံသန်းနိုင်ပါသည်။ သို့သော်လည်း တောင်ပံတပ်ဆင်ထားသော ပုံမှန်လေယာဉ်များကဲ့သို့ မြန်နှုန်းမြင့် မပျံသန်းနိုင်ပါ။
Airlander 10 သည် သမားရိုးကျ လေယာဉ်များနှင့် နှိုင်းယှဉ်ပါက ကာဗွန်ထုတ်လွတ်မှု အလွန်နည်းပါးပါသည်။
Ref: BBC
The world's longest aircraft Airlander 10 has reached its highest altitude
Credit
