18 w - Translate

မီတာ ၁၀၀ တာတိုအပြေးပြိုင်ပွဲတွင် ၇၁ နှစ်အရွယ် တရုတ်အဘိုးအို စံချိန်သစ်တင်

‌အသက် ၇၁ နှစ်အရွယ် တာတိုအပြေးသမားတယောက်ဟာ မီတာ ၁၀၀ ပြိုင်ပွဲမှာ ပါဝင်ခဲ့ပြီး တရုတ်နိုင်ငံစံချိန်သစ် ရရှိခဲ့ပါတယ်။

၂၀၂၄ တရုတ်မာစတာချန်ပီယံရှစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အသက် ၇၁ နှစ်အရွယ် ဂျင်ဟူဟာ အောင်မြင်မှုရဖို့ အသက်အရွယ်က အဓိကမကျဘူးဆိုတာ ပြသနိုင်ခဲ့တာပါ။

အဲဒီပွဲမှာ ဂျင်ဟူက ၁၃ ဒသမ ၉၇ စက္ကန့်နဲ့ ပန်းဝင်အောင် ပြေးနိုင်ခဲ့ပြီး သူ့အသက်အရွယ်တန်းမှာ စံချိန်သစ် ရရှိခဲ့ပါတယ်။

ဂျင်ဟာ စည်းကမ်းတွေကို လိုက်နာခြင်း၊ သင်ယူဖို့ ဆန္ဒပြင်းပြခြင်း၊ အရှုံးမပေးဘဲ ဇွဲကောင်းခြင်း စတဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံတယ်လို့ နည်းပြက ပြောပါတယ်။

ဂျင်ဟာ ၁၀၀ မီတာ တာတိုပြိုင်ပွဲမှာ အံ့အားသင့်ဖွယ် စွမ်းဆောင်နိုင်ခဲ့သလို မီတာ ၂၀၀၊ မီတာ ၄၀၀ လက်ဆင့်ကမ်းပြိုင်ပွဲ၊ အလျားခုန်ပြိုင်ပွဲ စတဲ့ ပြိုင်ပွဲ ၅ ခုဝင်ခဲ့ပြီး ၅ ခုစလုံးမှာ ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဂျင်ဟာ အသက် ၅၅ နှစ်အရွယ် ၂၀၀၈ ခုနှစ်က အလုပ်ကနေ အနားယူခဲ့ပြီးနောက် အပြေးလေ့ကျင့်တာကို စတင်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

တရုတ်ပြေးခုန်ပစ်မာစတာ ချန်ပီယံရှစ်ပြိုင်ပွဲဟာ တရုတ်ပြေးခုန်ပစ်အဖွဲ့က ပြုလုပ်တဲ့ ထင်ရှားတဲ့ ပွဲတခုဖြစ်ပြီး ပရော်ဖက်ရှင်နယ် ကစားသမားဟောင်းတွေ၊ အားကစားကို ချစ်မြတ်နိုးတဲ့ အသက် ၃၅ နှစ်နဲ့အထက် ယှဉ်ပြိုင်ရတဲ့ပြိုင်ပွဲ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ အသက် ၃၅ နှစ်ကနေ ၈၄ နှစ်အထိ သက်တန်းအလိုက် ပြိုင်ပွဲ ၁၀ ခု ခွဲခြားထားကာ နိုင်ငံရဲ့ စီနီယာကစားသမားတွေ ယှဉ်ပြိုင်ရတဲ့ အမြင့်ဆုံး ပြိုင်ပွဲတခုလည်း ဖြစ်ပါတယ်။
DVB
Source : Reuters

image