မြန်မာ-လာအို ပွဲစဉ်အပြီး ပွဲကြည့်ပရိတ်သတ်အတွက် အခမဲ့ အိမ်ပြန်ခရီးစဉ် ဆောင်ရွက်ထား
အာဆီယံချန်ပီယံရှစ် မစ်ဆူဘီရှီဖလား ပြိုင်ပွဲ မြန်မာ-လာအို ပွဲစဉ်ကို ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းအတွင်း ဒီဇင်ဘာ (၁၈)ရက်၊ ည(၅) နာရီအချိန်တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ၊ ပွဲစဉ်အပြီး ပရိတ်သတ်များ မြို့နယ်များအလိုက် အိမ်ပြန်ခရီးအတွက် အခမဲ့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပွဲကြည့်ပရိတ်သတ်များ အပြန်ခရီးအတွက် ယာဉ်များစီစဉ်ပေးရာ၌ အုပ်စု(၅) စု သတ်မှတ်ထားကာ အုပ်စု(၁) အနေဖြင့် ဘောလုံးကွင်း -ကျောက်တိုင်-သာကေတ- ဆူးလေးခရီး စဉ်အတွက် (၁၅) စီး၊ အုပ်စု(၂)ဘောလုံးကွင်း - စံပြဈေး - ဘေလီ-ပင်လုံ-ပြည်ထောင်စုလမ်း- ၇/၈ လမ်းဆုံ- ဒဂုံတက္ကသိုလ်(၁၅)စီး စုစုပေါင်း (၇၅)စီး စီစဉ်ထားရှိကြောင်း သိရသည်။
ထို့အတူ အုပ်စု (၃)ဘောလုံးကွင်း- တောင်မြောက်လမ်းဆုံ - လှော်ကားလမ်း - ၇၁ ဂိတ်ဆုံး(၁၅)စီး၊ အုပ်စု (၄) ဘောလုံးကွင်း - ဝေဇယန္တာ လမ်းအတိုင်း- ခြောက်ကွေ့-အဝေးပြေး (၁၅)စီး၊ အုပ်စု(၅) ဘောလုံးကွင်း - အရှေ့မြင်းပြိုင်ကွင်း - ရန်ကင်း - လှည်းတန်း- အင်းစိန်လမ်း-သမိုင်းလမ်းဆုံ(၁၅) စီး အသီးသီး စီစဉ်ထားရှိကြောင်း သိရသည်။
အုပ်စု(၂)၊ (၃)ခရီးစဉ်အတွက် ဂိတ် (၆)နှင့် ဂိတ် (၇)အကြား ၌ သွားရောက်စီးနင်းရမည်ဖြစ်ပြီး၊ အုပ်စု(၁)၊(၄)၊(၅) အတွက် ဂိတ်(၂)နှင့် ဂိတ်(၉) အကြား၌ သွားရောက်စီးနင်းကြရမည် ဖြစ်ကြောင်း သိရသည်။
ယခုလ ဒီဇင်ဘာ (၉)ရက် မြန်မာ-အင်ဒိုနီးရှားပွဲစဉ်အပြီးတွင်လည်း ယင်းသို့ အခမဲ့ အိမ်ပြန်ခရီးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က စီစဉ်ပေးခဲ့သေးသည်။
