18 w - Translate

အမျိုးသားအားကစားပွဲတော်၏ ဝန်ကြီးဌာနအဆင့်အားကစားပြိုင်ပွဲတွင် ကာကွယ်ရေးဝန်ကြီး ဌာနအသင်းမှ ဆုတံဆိပ်အများဆုံးရရှိထား

နေပြည်တော်၌ကျင်းပလျက်ရှိသည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်၏ ဝန်ကြီးဌာနအဆင့်အားကစားပြိုင်ပွဲတွင် ယမန်နေ့ ဒီဇင်ဘာ ၁၆ ရက်အထိ ကာကွယ်ရေးဝန်ကြီး ဌာနအသင်းမှ ဆုတံဆိပ်အများဆုံးရရှိထားကြောင်း သိရသည်။

ကာကွယ်ရေးဝန်ကြီးဌာနအသင်းသည် ရွှေတံဆိပ် ၁၃ ခု၊ ငွေတံဆိပ် ၉ ခု၊ ကြေးတံဆိပ် ၉ ခု (စုစုပေါင်း ဆုတံဆိပ် ၃၁ ခု)ဖြင့် ဆုတံဆိပ်အများဆုံးရရှိကာ ထိပ်ဆုံးတွင်ရပ်တည်လျက်ရှိပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ရွှေတံဆိပ် ၁၀ ခု၊ ငွေတံဆိပ် ၇ ခု၊ ကြေးတံဆိပ် ၇ ခု (စုစုပေါင်း ဆုတံဆိပ် ၂၇ ခု)ဖြင့် ဒုတိယအများဆုံးရရှိထားကြောင်း သိရသည်။

ထို့ပြင် ပြည်ထဲရေးဝန်ကြီးဌာနမှ ရွှေတံဆိပ် ၉ ခု၊ ငွေတံဆိပ် ၈ ခု၊ ကြေးတံဆိပ် ၁၀ ခု (စုစုပေါင်း ၂၇ ခု)ဖြင့် တတိယ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ရွှေတံဆိပ် ၇ ခု၊ ငွေတံဆိပ် ၁၁ ခု၊ ကြေးတံဆိပ် ၇ ခု (စုစုပေါင်း ၂၅ ခု)ဖြင့် စတုတ္ထရရှိထားကြောင်း သိရသည်။

ထို့အတူ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှာ ဆုတံဆိပ် ၅ ခုစီ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှာ ဆုတံဆိပ် ၆ ခု၊ အလုပ်သမားဝန်ကြီး ဌာနမှာ ဆုတံဆိပ် ၃ ခု၊ စီမံကိန်းနှင့်ဘဏ္ဍရေးဝန်ကြီးဌာနမှာ ဆုတံဆိပ် ၂ ခုစီ အသီးသီးရရှိထားကြောင်း သိရသည်။

ထို့ပြင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာနတို့မှာ ဆုတံဆိပ် ၁ ခုစီရရှိထားကြောင်း သိရသည်။

image