မြန်မာရေပိုင်နက်မှာ ဖမ်းမိတဲ့ ထိုင်းနဲ့ မြန်မာရေလုပ်သား (၃၁)ဦးကို ထောင်ဒဏ်နဲ့အတူ ငွေဒဏ်များချမှတ်
ဒီဇင်ဘာ ၁၇
မြန်မာရေပိုင်နက်မှာ ဖမ်းမိတဲ့ ထိုင်းနဲ့ မြန်မာရေလုပ်သား (၃၁)ဦးကို ဒီဇင်ဘာ ၁၆ ရက်နေ့က ထောင်ဒဏ်နဲ့အတူ ငွေဒဏ်တွေကို ချမှတ်ခဲ့ တယ်လို့ ကော့သောင်းမြို့ တရားရုံးကနေ သိရပါတယ်။
နိုဝင်ဘာ ၃၀ ရက်နေ့က ကော့သောင်းမြို့၊ ဇာဒက်ကြီးကျွန်းအောက်ဘက်၊ သံကျွန်းနားက ထိုင်းငါးဖမ်း စက်လှေ ပေါ်မှာ ထိုင်းလူမျိုး ရေလုပ်သား (၄)ဦးနဲ့ မြန်မာလူမျိုး ရေလုပ်သား (၂၇)ဦးတို့ကို မြန်မာရေတပ်က ဖမ်းဆီးရမိခဲ့ တာပဲ ဖြစ်ပါတယ်။
ဖမ်းဆီးရမိတဲ့အထဲက ထိုင်းလူမျိုး (၃)ဦးကို ထောင်ဒဏ် (၄)နှစ်စီနဲ့ ငွေဒဏ် ဘတ် (၂)သောင်းစီ ချမှတ်ခဲ့ပြီး ထိုင်း လူမျိုး (ခေါင်းဆောင်) တစ်ဦးကိုတော့ ထောင်ဒဏ် (၆)နှစ်နဲ့ ငွေဒဏ် ဘတ် (၂)သိန်းချမှတ်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာလူမျိုး ရေလုပ်သား (၂၇)ဦးကိုလည်း ထောင်ဒဏ် (၄)နှစ်စီနဲ့ ငွေဒဏ် ဘတ် (၂)သောင်းစီ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
#centralnewsnaypyitaw
