ဂျာမနီဝန်ကြီးချုပ် အိုလပ်ရှုဇ် အယုံအကြည်မရှိအဆို ရှုံးနိမ့်၊ ဖေဖော်ဝါရီလမှာ ရွေးကောက်ပွဲကျင်းပဖွယ်ရှိ
ဘာလင် ၊ ဒီဇင်ဘာ ၁၇
ဂျာမနီဝန်ကြီးချုပ် အိုလပ်ရှုဇ်ဟာ သူ့အပေါ်လွှတ်တော်ကတင်သွင်းတဲ့ အယုံအကြည်မရှိအဆိုမှာ ရှုံးနိမ့်ခဲ့တာကြောင့် ဖေဖော်ဝါရီ ၂၃ ရက်မှာ ရွေးကောက်ပွဲကျင်းပပေးရတော့မှာဖြစ်ပါတယ်။
ဝန်ကြီးချုပ်အပေါ် အယုံအကြည်မရှိအဆိုကို လွှတ်တော်အမတ် ၇၃၃ ယောကအနက် ၃၉၄ ယောက် ထောက်ခံမဲပေးခဲ့ကြပြီး နိုဝင်ဘာလမှာ သုံးပါတီညွှန့်ပေါင်းအဖွဲ့ ပြိုကွဲပြီးနောက် ဂျာမနီအစိုးရဟာ နိုင်ငံရေးနဲ့ စီးပွားရေး အကျပ်ရိုက်နေခဲ့ပါတယ်။
အယုံအကြည်မရှိသူရှုံးနိမ့်သွားတာဟာ ဝန်ကြီးချုပ် အိုလပ်ရှုဇ်လိုချင်တဲ့ ရလဒ်ဖြစ်ပြီး အကျိုးဆက်အားဖြင့် ရွေးကောက်ပွဲကို မူလစီစဉ်ထားတဲ့အတိုင်း စက်တင်ဘာလမဟုတ်ဘဲ ဖေဖော်ဝါရီလမှာ ကျင်းပနိုင်မှာဖြစ်ပါတယ်။
သုံးပါတီညွှန့်ပေါင်းအစိုးရပြိုကွဲပြီးနောက်မှာ ဝန်ကြီးချုပ်အိုလပ်ရှုဇ်ဟာ ဥပဒေသစ်တွေအတည်ပြုဖို့အတွက် အတိုက်အခံရှေးရိုးစွဲဝါဒီတွေရဲ့ ထောက်ခံမှုအပေါ်မှာသာ မှီခိုနေရပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲဟာ နိုင်ငံအတွက် လမ်းစသစ်တခုချမှတ်ဖို့ အခွင့်အရေးဖြစ်ကြောင်း အယုံအကြည်မရှိအဆို မတင်းသွင်းမီ သူက လွှတ်တော်မှာ ပြောပါတယ်။
ဂျာမန်သတင်းဌာနတွေရဲ့ ရွေးကောက်ပွဲ သဘောထားစစ်တမ်းတရပ်မှာတော့ ခရစ်ယာန်ဒီမိုကရက်တစ်အစည်းအရုံးနဲ့ ခရစ်ယာန်လူမှုအစည်းအရုံးလို အတိုက်အခံမဟာမိတ်အဖွဲ့က လူထုထောက်ခံမှု ၃၃ ရာခိုင်နှုန်းဖြင့် ဦးဆောင်နေပြီး ဝန်ကြီးချုပ်၏ လက်ဝဲယိမ် ဆိုရှယ်ဒီမိုကရက်တစ်ပါတီက ၁၅ ရာခိုင်နှုန်းသာရှိတယ်လို့ ဖော်ပြထားပါတယ်။
Ref:BBC
Photo:Reuters
#သတင်းဟင်းလေးအိုးကြီး
