ဘဲဥ ငါးခြောက် အချဉ်ဆီပြန် 😊😊

ချက်နည်းလေးက
ဘဲဥ ၅ လုံး
ငါးဖောင်ရိုး ၅ ကျပ်သား
ဆီပူလာရင် ဆနွင်းထည့်
ကြက်သွန်နီ ၄ လုံး
ကြက်သွန်ဖြူ အနည်းငယ်
ငရုတ်သီး ထမင်းစားဇွန်း ၁ ဇွန်းခွဲ ရောထောင်းထားတာထည့် ဆီသတ် နွမ်းပြီး
အနံ့လေးမွှေးလာရင် ခရမ်းချဉ်သီး ၄လုံး ပါးပါးလှီးထည့်ပါ ဆား ဟင်းခပ်မှုန့်ထည့်ပြီး အနှစ်ကျအောင် အဖုံးလေး ခဏပိတ်ချက်ပါ စိမ်းစားငပိထည့်ပါ မွှေပါ ပြီးရင် ငါးခြောက်ထည့်ပါ ရေနွေးထည့်ပါ ငါးခြောက် အိရင် ဘဲဥထည့်ပါ ရေနွေးအနည်းငယ်ထည့်ပါ အဖုံးပိတ်ပါ ရေခမ်းပြီး ဆီပြန်ရင် ရပါပြီရှင်

image