18 ပတ် - ဘာသာပြန်ပါ။

ရန်ကုန်နဲ့အရမ်းမဝေးတဲ့နေရာလေးမို့လို့ နေ့ချင်းပြန်သွားလို့အဆင်ပြေတဲ့ Resort လေးတစ်ခု🍀

ပဲခူးအဝင် အင်းတကော်အနားက Breeze Garden🍀

ပိတ်ရက်လေးမှာ ခရီးလည်းသွားချင်တယ် တစ်ညအိပ်လောက်ပဲသွားချင်တယ် ရန်ကုန်မြို့နဲ့နီးနီးနားနားဒီနေရာလေးသွားကြည့်နော်☘️

``Breeze garden´´ လို့ခေါ်တဲ့ဒီနေရာလေးမှာ သဘာဝ အလှတရားကိုကြိုက်နှစ်သက်တဲ့သူတွေ Trekking ပြုလုပ်ရတာကြိုက်တဲ့သူတွေမိသားစုနဲ့အေးဆေးလာချင်တဲ့သူတွေသူငယ်ချင်းတွေစုပြီးလာချင်တဲ့သူတွေအတွက်အရမ်းအဆင်ပြေတဲ့နေရာလေးတနေရာ🍀

🍀သစ်ပင်ဝါးရိပ်လေးတွေ သစ်ပင်စိမ်းစိမ်းစိုစို တောအုပ်အုပ်ဆိုင်းဆိုင်းနဲ့ရှိတဲ့နေရာလေး

``Breeze Garden´´မှာ
အစကတည်းက Jungle Vibes လေးရယ် Trekking & Camping Vibes လေးရယ် သူ့ဟာနဲ့သူမိုက်ပြီးသားကိုမှ IG Spots အသစ်တွေပါ ထပ်ထည့်လိုက်တော့ တနေရာတည်းမှာတင် ဘာမှထပ်မလိုတော့အောင်အခုဆိုပြည့်စုံနေပြီဖြစ်တဲ့ Breeze Garden🍀

🏞️ပုံထဲကနေရာလေးတွေကတော့ ရောက်ဖူးပြီးသားလူက သိလောက်ပေမယ့် အခုမှလာမယ့်လူတွေအတွက်လည်း ဝင်လာတာနဲ့မြင်သာအောင် ရောက်တာနဲ့ ခဏနားပြီး Reception အနောက်လေးဝင်သွားတာနဲ့ရောက်ပါပြီ

🚐Breeze garden Addes

ရန်ကုန်ဘက်က လာမယ်ဆိုရင်တော့ (၁၀) မိုင်ကုန်း၊ ဘူးလယ်အင်းရွာ (အင်းတကော်အကျော်) ဓမ္မဒူတ တက္ကသိုလ်ရှေ့လမ်းက "Breeze garden " ဆိုတဲ့ ဆိုင်းဘုတ်အတိုင်း ဝင်လာလို့ရပါတယ်

🚗ပဲခူးဘက်က လာရင်
ဟန်သာဂေါက်ကွင်း အကျော်၊
ဓမ္မဒူတ မုဒ်ဦးလမ်းထဲတည့်တည့်ဝင်ပြီး ဓမ္မဒူတ တက္ကသိုလ်ရှေ့လမ်းက " Breeze Garden " ဆိုတဲ့
ဆိုင်းဘုတ်အတိုင်း ဝင်လာလို့ရပါတယ်

🚗Bus ကားနဲ့ Budget Trip လေး လာမယ်ဆိုရင်တော့ ဓမ္မဒူတ တက္ကသိုလ် (သို့) ဆယ်မိုင်ကုန်းဆင်း ခြံတရာလည်ပေါက်ဂိတ်လို့လည်းသိကြပါတယ်ဗျ။
အဲ့မှာ ဆင်းပြီးတည့်တည့် ဝင်လာလို့ရပါတယ်

🚗ရန်ကုန်မြို့ထဲက​နေ ​ထောက်ကြန့်လမ်းဆုံ​ရောက်တဲ့ YBSကားကိုစီးပါ ​ပြီးရင်ထောက်ကြန့်လမ်းဆုံမှာဆင်းပါ အဲ့က​နေမှ ပဲခူးသွားတဲ့ကားစီးပြီး ဓမ္မဒူတ​တောရ (ဆယ်မိုင်ကုန်း) မှတ်တိုင်မှာဆင်းပါ ပြီး​တော့ ဆိုင်ကယ် ကယ်ရီငှားပြီး Breeze Gardenကိုလာလို့ရပါတယ် 🍀

image