တောင်ကိုရီးယား အာဏာရပါတီခေါင်းဆောင် ရာထူးက နုတ်ထွက်

ဒီဇင်ဘာ ၁၇

တောင်ကိုရီးယားအာဏာရပါတီဖြစ်တဲ့ People Power Party (PPP)ရဲ့ခေါင်းဆောင်ဟာ သမ္မတယွန်ဆက်ယိုလ်ကို လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်မှုတွေအောင်မြင်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ ပါတီခေါင်းဆောင်နေရာက နုတ်ထွက်သွားခဲ့တယ်လို့ သိရပါတယ်။

People Power Party (PPP)ပါတီက သမ္မတအဖြစ်ရွေးကောက်ခံထားတဲ့ ယွန်ဆက်ယိုလ်ဟာ ဒီဇင် ဘာလအစောပိုင်းမှာ စစ်အုပ်ချုပ်ရေးဥပဒေကို ထုတ်ပြန်ခဲ့ရာ တောင်ကိုရီးယားပြည်သူတွေနဲ့ အတိုက်ခံပါတီတွေရဲ့စွပ်စွဲပြစ်တင်မှုကို ရင်ဆိုင်ခဲ့ရပြီး ဒီဇင်ဘာ ၁၄ ရက်မှာ သမ္မတအဖြစ်ကနေ ယာယီဆိုင်းငံ့ခဲ့ရပါတယ်။

တောင်ကိုရီးယားအာဏာရပါတီခေါင်းဆောင် ဟန်ဒေါင်ဟွန်က "ကျွန်တော်ဟာ People Power Party (PPP)ပါတီ ခေါင်းဆောင်နေရာက နုတ်ထွက်လိုက်ပါတယ်။ ပါတီရဲ့အဆင့်မြင့်ဆုံးကောင်စီအဖွဲ့ဝင် (၅)ဦးဟာလည်း ယွန်ဆက်ယိုလ်စွပ်စွဲပြစ်တင်ခံရမှုအတွက် တာဝန်ယူခြင်း တာဝန်ခံခြင်းဖြစ်အောင် ရာထူးတွေကနေ နုတ်ထွက်ဖို့ ရည်ရွယ်ထားတယ်။ ကျွန်တော်တို့ဟာ ယွန်ဆက်ယိုလ်ကို စွပ်စွဲပြစ်တင်ရုံက တစ်ပါးအခြားရွေးချယ်စရာ မရှိဘူးခဲ့ဘူး၊ ဒါကြောင့်လည်း ကျွန်တော်တို့ဟာ ပူးပေါင်းပါဝင်ခဲ့တာမျိုးဖြစ်တယ်။ ယွန်ဆက်ယိုလ်နဲ့ ပတ်သက်ပြီးဖြစ်ခဲ့တဲ့အရာတွေအတွက် တာဝန်ယူခြင်း၊တာဝန်ခံခြင်းဖြစ်အောင် ကျွန်တော်ရာထူးကနေ နုတ်ထွက်မယ်။ ကျွန်တော်ကိုလည်းပြစ်တင်ဝေဖန်လို့ရပါတယ်"လို့ ပြောပါတယ်။

တောင်ကိုရီးယားအာဏာရပါတီဟာ ယွန်ဆက်ယိုလ်ကို ပထမအကြိမ်လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်မှုတွေမှာ အတိုက်ခံပါတီတွေရဲ့ကြိုးပမ်းမှုကိုထောက်ခံမှုမရှိခဲ့ပေမယ့် ဒီဇင်ဘာ ၁၄ ရက်က ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ်မြောက်လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်မှုမှာတော့ အတိုက်ခံပါတီတွေရဲ့ကြိုးပမ်းမှုကို ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ဒီမိုကရေစီကိုကာကွယ်နိုင်ဖို့ ယွန်ဆက်ယိုလ်ကို စွပ်စွဲပြစ်တင်မှုတွေမှာ ပူးပေါင်းပါဝင်လိုက်ရတာမျိုးဖြစ်တယ်လို့ ပြောပါတယ်။

Credit - NP News

#သတင်းဟင်းလေးအိုးကြီး

image