18 ပတ် - ဘာသာပြန်ပါ။

သဘာဝကပေးထားသည့် စိုက်ပျိုးရေးဆိုင်ရာအခြေခံကောင်းများကိုအသုံးချပြီး နိုင်ငံကိုဖွံ့ဖြိုးတိုးတက်စေမည့် စက်မှုကုန်ထုတ်လုပ်ငန်းများကိုဆောင်ရွက်ကြရန် နစကဥက္ကဋ္ဌမှာကြား

နေပြည်တော်၊ ဒီဇင်ဘာ ၁၇

မိမိတို့နိုင်ငံတွင် သဘာဝကပေးထားသည့် စိုက်ပျိုးရေးဆိုင်ရာ အခြေခံကောင်းများကို အသုံးချပြီးနိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေမည့် စက်မှုကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားလိုက်သည်။

တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ (မိတ္ထီလာ) ၂/၈၀ ချည်ချောစက်ရုံခွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိမိတို့နိုင်ငံအနေဖြင့် ဝါစိုက်ပျိုးရေးအောင်မြင်ရန် အခြေအနေကောင်းများရှိနေသော်လည်း ပြည်ပမှနှစ်စဉ်ချည်နှင့် ပိတ်ထည်များကို ပမာဏများစွာ တင်သွင်းနေရကြောင်း၊ ထို့ကြောင့် ဝါစိုက်ပျိုးရေးကို အောင်မြင်အောင်ဆောင်ရွက်ပြီး နိုင်ငံတကာအဆင့်မီ ချည်ထည်များ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ချည်ထည်များကို အထည်ချုပ်လုပ်ငန်းများ၌ဖြစ်စေ၊ ပြည်ပကိုပြန် လည်တင်ပို့ခြင်းဖြစ်စေ ဆောင်ရွက်နိုင်မှသာ နိုင်ငံခြားငွေသုံးစွဲမှုကိုလျှော့ချနိုင်ပြီး နိုင်ငံတော်အတွက် နိုင်ငံခြား ငွေများရရှိနိုင်မည်ဖြစ်ကြောင်း ပြောသည်။

ယခု ၂/၈၀ ချည်ချောစက်ရုံခွဲ ဖွင့်လှစ်နိုင်ခြင်းသည် မြန်မာနိုင်ငံ၏ ချည်ထည်ခေတ်တစ်ခေတ်ပြောင်းလဲမှု၏ အစဖြစ်သည်ဟုပြောလိုကြောင်း၊ မိမိတို့အနေဖြင့် အဆင့်မြင့်ချည်ထည်များထုတ်လုပ်နိုင်သည့် ဝါမျိုး ကောင်းမျိုးသန့်များကို စိုက်နည်းစနစ်မှန်ကန်စွာဆောင်ရွက်ပြီး ဝါအထွက်နှုန်းတိုးတက်အောင် ဆောင်ရွက် ကြရန်လိုကြောင်း၊ တစ်ဖက်ကလည်း ဝါကြိတ်စက်ရုံများ၊ ချည်မျှင်နှင့် အထည်စက်ရုံများကို အဆင့်မြှင့်တင် ပေးပြီး ဝါကိုအခြေခံသည့်စက်မှုလုပ်ငန်းကို ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိမိတို့နိုင်ငံတွင် သဘာဝကပေးထားသည့် စိုက်ပျိုးရေးဆိုင်ရာ အခြေခံကောင်းများကို အသုံးချပြီးနိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေမည့် စက်မှုကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက် ကြရန်လိုကြောင်း၊ ဝါစိုက်ပျိုးရေးနှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့် ဝါစိုက်ပျိုးတောင်သူများအနေဖြင့် နိုင်ငံတော်၏ ဝါစိုက်ပျိုးမှု၊ ဝါထွက်ရှိမှုများတိုးတက်အောင် ကြိုးစားကြရန်တိုက်တွန်းလိုကြောင်း၊ တပ်မတော် ချည်မျှင်နှင့် အထည်စက်ရုံ (မိတ္ထီလာ)က တပ်မတော်တစ်ရပ်လုံးအတွက် လိုအပ်သည့်စစ်ဝတ်ထည်ပစ္စည်း များကို ဝါဂွမ်းကုန်ကြမ်းမှ စစ်ဝတ်ကုန်ချောအထိ ထုတ်လုပ်ပေးနေသကဲ့သို့ ယနေ့ဖွင့်လှစ်လိုက်သည့် ၂/၈၀ ချည်ချောစက်ရုံသည် နိုင်ငံ၏အဝတ်အထည်လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ များစွာအထောက်အကူ ပြုစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

#centralnewsnaypyitaw

imageimage
+4